• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းတောင်ပိုင်း ရေဘေး ဖြစ်ပွား

(GMT+08:00) 2017-01-09 19:25:59

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရေဘေး ဖြစ်ပွားခဲ့ရာ လူ ၁၉ဦး သေဆုံးပြီး ၁ဦးပျောက်ဆုံးနေကြောင်း ၈ရက်နေ့ ညနေပိုင်းက ထိုင်းအစိုးရမှ ထုတ်ပြန်ချက် ကိုကိုးကား၍ စီအာအိုင်က ရေးသားဖော်ပြသည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်း ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဆိုးရွားသော ရေဘေး ဖြစ်ပွားခဲ့သောကြောင့် ကားလမ်းအချို့သည် ရေကြီးမှု ဖြစ်ပွားခဲ့ရာ အနက်ဆုံးနေရာမှာ တစ်မီတာကျော် ရှိကြောင်း၊ ဒေသခံ ပြည်သူများသည် ဆုံးရှုံးနစ်နာမှု များစွာ ခံရကြောင်း၊ ထိုင်းအမျိုးသား ဘေးဒဏ် ကြိုတင်ကာကွယ်ရေးနှင့် လျှော့ပေါ့ရေး ကွပ်ကဲမှုဌာနမှ တာဝန်ရှိပုဂ္ဂိုလ် ချာချိုင်က ၈ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ခဲ့သော သက်ဆိုင်ရာစာရင်း အရ ယခုလ ၁ရက်နေ့မှ ၈ရက်နေ့အထိ ထိုင်းနိုင်ငံ တောင်ပိုင်း ယာလာ၊ စုံခလာနှင့် ပါတာနီ အပါအဝင် ပြည်နယ်၁၀တွင် ရေလွှမ်းမိုးမှု ခံခဲ့ရကာ ဘေးသင့်သူ ဦးရေမှာ ၉သိန်း ၅သောင်း ၈ထောင်ကျော် ရှိပြီး လူ၁၉ဦး သေဆုံးကာ ၁ဦး ပျောက်ဆုံးနေကြောင်း၊ ရေဘေး ကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ်များမှ ကျေးရွာ တစ်ထောင်ကျော်က လယ်မြေနှင့် ရာဘာ စိုက်ပျိုးမြေများ ရေလွှမ်းမိုးမှု ခံရကြောင်း၊  ကားလမ်းနှင့် ရထား လမ်းများ ရေလွှမ်းမိုး ခဲ့တာကြောင့် ဖြစ်ပွားရာ လမ်းပန်းဆက်သွယ်ရေးအ အခြေအနေ လည်းဆိုးရွား သွားကြောင်း သိရသည်။

အစိုးရ ပြောရေးဆိုခွင့်ရှိသူ ရှန်စင်က ထိုင်းအစိုးရသည် ယခုအကြိမ် ရေဘေး အပေါ် အလွန် အလေးထားကြောင်း၊ အစိုးရသည် တောင်ပိုင်း စုံခလာပြည်နယ်နှင့် စူရတ်သာနီ ပြည်နယ်တွင် ကယ်ဆယ်ရေး ကွပ်ကဲမှု ဌာနများ ထားရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းကို ဘက်စုံဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

 ထို့အပြင်၊ ထိုင်ရေတပ်သည် အကြီးဆုံး ကမ်းတက်သင်္ဘော ကိုစေလွှတ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြောင်း၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ် သည် အရေးပေါ် ကယ်ဆယ်ရေးအတွက် ဘတ်ငွေ သန်း၂၀ကို ထုတ်ပေးရန် ၇ရက်နေ့က ခွင့်ပြုခဲ့ ကြောင်းသိရသည်။

   Webradio