• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

(GMT+08:00) 2017-01-06 14:47:57

ဇန်နဝါရီ ၄ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်နှင့် ရန်ကုန်မြို့တွင် ၆၉နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တစ်ချိန်တည်း ကျင်းပခဲ့ကြောင်း တရုတ် ကွမ်းမင်-နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေသည် နေပြည်တော်တွင် ကျင်းပသောအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တွင် ကျင်းပသော အထိမ်းအမှတ် အခမ်းအနား၌ သမ္မတ ဦးထင်ကျော်၏ ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း၊ သမ္မတ ဦးထင်ကျော် နှင့်ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ၏ ဂုဏ်ပြု ကြောင်းအမှာစကားတွင် ပြည်လုံးဆိုင်ရာ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ခြင်းသည် မြန်မာ နိုင်ငံ အတွက် အရေးကြီးသည့် အခန်းကဏ္ဍ ဖြစ်ကြောင်း အလေးထား ဖော်ပြသည်။

သမ္မတ ဦးထင်ကျော်က အမှာစကားတွင် ပြည်သူ တစ်ရပ်လုံးသည် စည်းလုံးညီညွတ် ပြီး ရည်မှန်းချက် ၄ခုကို အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ပန်ကြားခဲ့ကြောင်း၊ ၄င်းရည်မှန်းချက် ၄ခုတွင် ၂၁-ရာစု ပင်လုံ ညီလာခံ၌ ရရှိခဲ့သော သဘောတူညီချက်၏ အခြေခံပေါ်တွင် စင်မှန်သော ပြည်ထောင်စု နိုင်ငံ တစ်ခု တည်ထောင်ရန်၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ၏ တပေါင်းတစည်းတည်း ဖြစ်ရေးနှင့် အချုပ်အခြာ အာဏာ ထာဝစဉ် တည်မြဲစေရန်၊ ဒီမိုကရေစီ စနစ်ကို အခြေခံပြီး အမျိုးသား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုကို ထုတ်ပြန်ကျင့်သုံးပြိး ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံ တည်ထောင်ရန်နှင့် အမျိုးသား စီးပွားရေး မူဝါဒ၏ လမ်းညွှန်ပေးမှုဖြင့် တိုင်း၊ပြည်နယ်များ အကြား မိုမို ကောင်းမွန်ပြီး တရားမျှတသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရန်တို့ ပါဝင်ကြောင်း ပြောကြားသည်။

 

   Webradio