• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှား ရေတပ် မနီလာ ရောက်ရှိ

(GMT+08:00) 2017-01-04 14:42:18

ရုရှားရေတပ်မှ စစ်သင်္ဘော ၂စင်းသည် ယခုလ ၂ရက်နေ့က မနီလာမြို့သို့ ရောက်ရှိပြီး ဖိလစ်ပိုင်တွင် ၆ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်ကို စတင်လှည့်လည်ခဲ့ကြောင်း၊ ယင်းသည် ၂၀၀၅ခုနှစ်နောက်ပိုင်းတွင် နှစ်နိုင်ငံ ရေတပ်တို့ အကြား ပြုလုပ်သော ပထမ အကြိမ် စစ်ရေး ကူးလူးဖလှယ်မှု ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ရုရှား ရေတပ် ပစိဖိတ် သင်္ဘောစု ဒုစစ်ဦးစီး မီဟာအီလိုဗ်က ဖိလစ်ပိုင် မီဒီယာနှင့် တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံ ရေတပ်တို့သည် ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးနေကြောင်း ပြောကြားသည်။

မီဒီယာတွင် ယခုအကြိမ် ရုရှားရေတပ်၏ ဖိလစ်ပိုင် ခရီးစဉ်၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဖိလစ်ပိုင်သည် ဆိုးရွားသော အကြမ်းဖက်မှု ခြိမ်းခြောက်ခြင်းနှင့် ရင်ဆိုင်နေရ ကြောင်း၊ တောင်ပိုင်းက အာဘူဆာယဲ့ဗ် လက်နက်ကိုင်အဖွဲ့တွင် လက်နက်ကိုင် သမားဦးရေ မများသော်လည်း တိုက်ရည်ခိုက်ရည် အလွန်ကြီးမားကြောင်း၊ ထို့အပြင်၊ အာဘူဆာယဲ့ဗ် လက်နက်ကိုင်အဖွဲ့သည် အစွန်းရောက် "အိုင်အက်စ်"အဖွဲ့၊ "အာလ်- ကာအီးဒါး"အဖွဲ့တွေနှင့်လည်း ဆက်ဆံမှု ရှိကြောင်း၊ ယင်းအခြေအနေမျိုးတွင် နိုင်ငံတကာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ခြင်းသည် ဖိလစ်ပိုင် တပ်မတော်၏ တိုက်ရည်ခိုက် ရည်တိုးမြှင့်ပြီး ပြည်တွင်း အကြမ်းဖက် အင်အားစုများကို တုန်လှုပ် ချောက်ချားစေရန် အတွက် အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်ကြောင်း ဖော်ပြသည်။

ဖိလစ်ပိုင်သည် ရုရှားကို အားကိုးအားထားပြုပြီး ဖိလစ်ပိုင်တွင် အမေရိကန်၏ သြဇာသက်ရောက်မှုကို လျှော့ချကာ ဖိလစ်ပိုင်-အမေရိကန် ဆက်ဆံမှုကို ညီမျှစေရန် မျှော်လင့်ကြောင်း အကဲခတ် အချို့က ယူဆသည်။

   Webradio