• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စင်ကာပူ-မလေးရှား ကျည်ဆန်ရထားလမ်း တည်ဆောက်ရေး လုပ်ငန်း စီးပွားရေး အခွင့်အလမ်း များစွာရှိ

(GMT+08:00) 2016-12-21 14:14:45

ယခုရက်ပိုင်းအတွင်း စင်ကာပူ အစိုးရနှင့် မလေးရှား အစိုးရတို့သည် စင်ကာပူ- မလေးရှား ကျည်ဆန်ရထားလမ်း လုပ်ငန်းနှင့် ပတ်သက်၍ နှစ်ဖက် သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

၎င်းစာချုပ်အရ လာမည့် ၁၀နှစ် အတွင်း အရှေ့တောင် အာရှတွင် ပထမဆုံး ကျည်ဆန်းရထားလမ်း တည်ဆောက်ပြီးစီးရန် ရည်ရွယ်ထားကြောင်း သိရသည်။ စင်ကာပူ နှင့်မလေးရှား နှစ်နိုင်ငံတို့က လာမည့်နှစ်ဆန်းတွင် ၄င်းရထားလမ်း ပူးတွဲ ဖောက်လုပ်သူကို ခန့်အပ်မည် ဖြစ်ကြောင်း၊ ထို့အပြင်၊ ကျည်ဆန်ရထားလမ်း စနစ်နှင့် လုပ်ကိုင်ဆောင်ရွက် ရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍  စီမံခန့်ခွဲရေး၊ နည်းပညာနှင့် ဝယ်ယူရေးဆိုင်ရာ အကြံပြုချက်များကို ပေးပြီး စင်ကာပူ-မလေးရှား ကျည်ဆန်ရထားလမ်း နည်းပညာနှင့် လုံခြုံရေး စံချိန်စံညွှန်းကို ချမှတ်မည် ဖြစ်ကြောင်း၊ လာမည့်နှစ် စတုတ္ထ ၃လပတ်တွင် ကျည်ဆန်ရထား၊ လျှပ်စစ်ဓါတ်အား၊ ထိန်းချုပ်ရေးစနစ် အပါအဝင် ကိရိယာများ ဒီဇိုင်းဆွဲခြင်းနှင့် တည်ဆောက်ခြင်းနှင့် ကျည်ဆန်ရထားလမ်း စနစ် စီမံခန့်ခွဲရေး စသည်များနှင့် ပတ်သက်၍ ပူးတွဲ တင်ဒါခေါ်ယူမည် ဖြစ်ကြောင်း၊ ၂၀၁၈ခုနှစ် နှစ်ကုန် မတိုင်မီတွင် တင်ဒါအောင်သူကို ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။

စင်ကာပူ-မလေးရှား ကျည်ဆန်ရထားလမ်း၏ စုစုပေါင်း အရှည်မှာ ကီလိုမီတာ ၃၅၀ရှိသည့်အနက် ၃၃၅ကီလိုမီတာ မလေးရှား အတွင်း ရှိပြီး ၁၅ကီလိုမီတာ စင်ကာပူ အတွင်း ရှိကြောင်း၊ ရထားလမ်း တလျှောက်လုံးတွင် ဘူတာရုံ ၈ခုရှိမည် ဖြစ်ကြောင်း၊ အမြင့်ဆုံး မြန်နှုန်းမှာ ကီလိုမီတာ ၃၅၀ရှိမည် ဖြစ်ပြီး ရင်းနှီးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၂ဘီလီယံ ရှိကြောင်း၊ ၄င်းရထားလမ်းကို လာမည့် ၂နှစ်တွင် စတင် ဖောက်လုပ်မည် ဖြစ်ပြီး ၂၀၂၆ခုနှစ် နှစ်ကုန်တွင် စတင် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

စင်ကာပူ လျန်ဟိုဇော်ဘော် သတင်းစာမှ ဝေဖန်ရေး ဆောင်းပါးတစ်ပုဒ်တွင် ၄င်း ကျည်ဆန်ရထားလမ်း တည်ဆောက်ရေး လုပ်ငန်းသည် စင်ကာပူ-မလေးရှား ဆက်ဆံရေး အတွက် အရေးကြီး မှတ်တိုင် တစ်ခု ဖြစ်ကြောင်း ရေးသားဖော်ပြသည်။  

   Webradio