• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှား တတ်သိပညာရှင်များအဖွဲ့ အစည်းအဝေး စင်ကာပူတွင် ကျင်းပ

(GMT+08:00) 2016-12-16 10:47:17

ရုရှား နာမည်ကျော် တတ်သိပညာရှင်များအဖွဲ့ ဖြစ်သည့် ဗာလ်ဒါအီ(Valdai) နိုင်ငံတကာကလပ်သည် ဒီဇင်ဘာ ၁၃ရက်နေ့က စင်ကာပူတွင် အစည်းအဝေး ကျင်းပခဲ့ ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းအစည်းအဝေးတွင် နိုင်ငံ အသီးသီးမှ တက်ရောက်သူများသည် နိုင်ငံတကာရေးရာ များတွင် ရုရှား၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

Valdai နိုင်ငံတကာကလပ်သည် ရုရှား သမ္မတ ပူတင် တွန်းအားပေးထားသော အဆင့်မြင့် နိုင်ငံတကာ ပလက်ဖောင်း တစ်ခု ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ်အနည်းငယ် အတွင်း အာရှနှင့် ပစိဖိတ် ဒေသတွင် ရုရှား၏ ဖွံ့ဖြိုးရေး မဟာဗျူဟာနှင့်အညီ Valdai နိုင်ငံတကာကလပ်သည် အရှေ့တောင် အာရှ ဒေသ၌ ဖိုရမ် ကျင်းပပြီး ဒေသတွင်း ပညာရှင်များ နှင့်နိုင်ငံတကာ ရေးရာများနှင့် နိုင်ငံကြီး ဆက်ဆံရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် အလွန် အလေးထားကြောင်း သိရသည်။

ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်မှာ "အာရှနှင့် ဥရောပ-အာရှ ကုန်းတွင်း ဖွံ့ဖြိုးတိုးတက်ရေး စနစ်သစ်တွင် ရုရှား မည်သည့် တာဝန်လုပ်ငန်း ရှိသလဲ"ဟူ၍ ဖြစ်သည်။

တရုတ် နိုင်ငံတကာ ဆက်ဆံရေး ပညာရှင်များအဖွဲ့ ဒုဥက္ကဋ္ဌ၊ ဟွာတုန်း ဆရာအတတ်သင် တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးနှင့် ဒေသန္တာရ ဖွံ့ဖြိုးတိုးတက်ရေး သုတေသန အကယ်ဒမီ ဥက္ကဋ္ဌ၊ ပါမောက္ခ ဖုန်ရှောက်လေသည် Valdai နိုင်ငံတကာကလပ် ၏ပုဂ္ဂိုလ်၇ဦးပါ နိုင်ငံတကာ အတိုင်ပင်ခံ ကော်မတီ အဖွဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။ ယခုအကြိမ် အစည်းအဝေး ကျင်းပစဉ် အတွင်း စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံခဲ့ရာ ၄င်းက ရုရှားသည် အာဆီယံနှင့် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်စေရေးတွင် အားသာချက် ရှိကြောင်း ပြောကြားသည်။

၎င်းက ရုရှားသည် မဟာအင်အားကြီး နိုင်ငံ ဖြစ်ခဲ့ဖူးကြောင်း၊ ရုရှားသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် စီမံခန့်ခွဲရေးနှင့် နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက်ရေး နယ်ပယ်များမှ အတွေ့အကြုံများစွာ ရှိကြောင်း၊ ထို့အပြင်၊ ရုရှားတွင် စွမ်းအင်၊ တွင်းထွက်သတ္တု၊ လယ်ယာထွက်ကုန်၊ မြေယာနှင့်ရေ အပါအဝင် နယ်ပယ်များတွင် သဘာဝ သယံဇာတ များလည်း ပေါကြွယ်လှကြောင်း၊ အာရှနှင့် ပစိဖိတ်ဒေသတွင် ငွေကြေး၊ လူအားနှင့် အဆင့်မြင့် နည်းပညာ စသည့် နယ်ပယ်များမှ အရင်းအမြစ် များစွာ ရှိကြောင်း၊ ထို့ကြောင့် ရုရှားနှင့် အာရှ၊ ပစိဖိတ် ဒေသ အကြား အပြန်အလှန် ဖြည့်ဆည်းမှု များစွာ ရှိကြောင်း ပြောကြားသည်။

   Webradio