• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၆ခုနှစ် အာဆီယံ အသိုက်အဝန်း၏ အောင်မြင်မှုနှင့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ အာဆီယံ အတွင်းရေးမှူး ပြောကြား

(GMT+08:00) 2016-12-15 14:43:18

အာဆီယံ အသိုက်အဝန်းကို ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့က တရားဝင် တည်ထောင်ခဲ့ကြောင်း၊ အသိုက်အဝန်းတွင် နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်း ၃ခုပါဝင်ကြောင်း၊ အာဆီယံ စီးပွားရေး ရေးရာ တာဝန်ခံ၊ ဒုအတွင်းရေးမှူးချုပ် လင်ဟုန်ဟင်က ဆင်ဟွာ သတင်းဌာနမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြီးခဲ့သည့် ၂၀၁၆ခုနှစ်က အာဆီယံ စီးပွားရေး အသိုက်အဝန်း၏ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ရင်ဆိုင်နေသည့် စိန်ခေါ်မှုများ၊ တရုတ်-အာဆီယံ ဆက်ဆံမှု နှင့်ပတ်သက်၍ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့သည်။

လင်ဟုန်ဟင်က ပြီးခဲ့သည့် တစ်နှစ်အတွင်း အာဆီယံ စီးပွားရေး အသိုက်အဝန်းသည် အဓိကကျသော ဆောင်ရွက်ချက်များကို ကျင့်သုံးခဲ့ကြောင်း၊ ၄င်းဆောင်ရွက်ချက် များ တွင် အာဆီယံ ကုန်သွယ်ရေး သတင်းအချက်အလက် စနစ် အတွင်း အာဆီယံ အဖွဲ့ဝင် နိုင်ငံများခွဲပြီး ကုန်သွယ်ရေး သတင်းအချက်အလက်များ ပလက်ဖောင်း တည်ထောင်ခြင်း၊ အာဆီယံ လွတ်လပ်သော ဝန်ဆောင်မှု လုပ်ငန်း တဖြည်းဖြည်း တွန်းအားပေးပြီး ဝန်ဆောင် မှုလွတ်လွတ်လပ်လပ် လည်ပတ်စီးဆင်းရန် ရည်မှန်းချက် အကောင်အထည် ဖော်ခြင်း၊  

"အာဆီယံ ကောင်းကင်ဖွင့်ရေး သဘောတူ စာချုပ်ကို ဘက်စုံ အတည်ပြု ခွင့်ပြုခြင်း စသည်တို့ ပါဝင်ကြောင်း ပြောကြားသည်ဟု ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။

အာဆီယံ စီးပွားရေး အသိုက်အဝန်း တည်ထောင်လာသည်နှင့်အမျှ အာဆီယံ နိုင်ငံများသည် ၂၀၁၅ခုနှစ် နှစ်ကုန်ပိုင်းက "အာဆီယံ စီးပွားရေး အသိုက်အဝန်း စီမံကိန်း ကြီး၂၀၂၅"ကို ချမှတ်ထုတ်ပြန်ခဲ့ရာ လာမည့် ၁၀နှစ် အတွင်း အာဆီယံ စီးပွားရေး အသိုက် အဝန်း၏ ဖွံ့ဖြိုးရေး ဦးတည်ချက်ကို သတ်မှတ်ခဲ့ကြောင်း လင်ဟုန်ဟင်က ပြောကြားသည်။

သို့သော် အာဆီယံ အသိုက်အဝန်းသည် အဖွဲ့ဝင် နိုင်ငံများ အကြား ဖွံ့ဖြိုးရေး  ကွာဟမှု၊ အကျိုးစီးပွား တရားမျှတစွာ ခွဲဝေပေးရေး စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ ကြောင်း လင်ဟုန်ဟင်က ပြောကြားသည်။

ထို့အပြင်၊ လင်ဟုန်ဟင်က အာဆီယံသည် တရုတ်ပြည်နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက် အားဖြည့်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောဆိုသည်။

   Webradio