• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒို ငလျင်လှုပ်ခတ်မှု လူသေကြေအနာတရ များစွာရှိ

(GMT+08:00) 2016-12-08 15:31:02

ယခုအထိ အင်ဒိုနီးရှား အတ်ဂျက် အထူးအုပ်ချုပ်ရေးဒေသတွင် ယခုလ ၇ရက်နေ့ နံနက်ပိုင်းက ရီခ်ျတာ့စကေး ၆့၎အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူ ၉၇ဦး သေဆုံးပြီး ၆၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ဘူမိဗေဒ ပညာရှင်များက ယခုအကြိမ် ငလျင်လှုပ်ခတ်မှုတွင် လူသေကြေအနာတရ များစွာ ဖြစ်စေခဲ့ခြင်း၏ အကြောင်းရင်းမှာ ငလျင်၏ ဗဟိုအချက်က မြေပြင်နှင့် နီးကပ်ခြင်း ကြောင့်  ဖြစ်ကြောင်း၊ ငလျင်၏ ဗဟိုချက်က လူဦးရေ သိပ်သည်းမှုများသည့် နေရာတွင် ရှိခြင်းကြောင့်၊ ဒေသခံ အစိုးရနှင့် ပြည်သူများ ငလျင်ဘေးဒဏ်ကို အကာအကွယ်ပြုရန် သတိလစ်ဟင်းခြင်းကြောင့်နှင့် ငလျင်ဘေးဒဏ် ကြိုတင်ကာကွယ်ရေးနှင့် ခုခံရေး အသိအမြင် မရှိခြင်းကြောင့်များ ဖြစ်ကြောင်း ပြောကြားသည်။

   Webradio