• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စင်ကာပူ-မြန်မာ နှစ်ဖက် ရင်းနှီးမြှုပ်နှံရေး စာချုပ် ဆွေးနွေးပွဲ စတင် ကျင်းပ

(GMT+08:00) 2016-12-02 14:40:17

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၃၀ရက်နေ့မှ ယခုလ ၂ရက်နေ့ အထိ စင်ကာပူတွင် တရားဝင် ခရီးလှည့်လည်လျက်ရှိကြောင်း၊ ယခုအကြိမ် ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် တာဝန် ထမ်းဆောင်ခဲ့သည့် နောက်ပိုင်းတွင် ပထမဆုံး အကြိမ် စင်ကာပူ ခရီးစဉ် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ တို့သည် စီးပွားကုန်သွယ်ရေး ဆက်ဆံမှုကို တိုးမြှင့်ရေး အတွက် လက်တွေ့ကျ သော ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ကြမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

နိုဝင်ဘာ ၃၀ရက်နေ့ ညနေပိုင်းက စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းသည် ဒေါ်ဆောင်ဆန်း စုကြည်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် လီရှန်လွန်းက စင်ကာပူနှင့် မြန်မာတို့သည် နှစ်ဖက် ရင်းနှီးမြှုပ်နှံရေး သဘောတူ စာချုပ် ဆိုင်ရာ ဆွေးနွေးပွဲကို စတင်ကျင်းပမည် ဖြစ်ကြောင်း၊ အဆိုပါအချက်သည် မြန်မာ နိုင်ငံ၏ ရေရှည် တည်ငြိမ်ရေး အပေါ် စင်ကာပူ၏ ယုံကြည်မှုကို ဖော်ပြနေသည်ဟု ယူဆကြောင်း ပြောကြားသည်။

ဒေါ်ဆောင်ဆန်းစုကြည်က နှစ်နိုင်ငံ အကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပေးရေး သဘောတူ စာချုပ်ကို ချုပ်ဆိုရန် မျှော်လင့်ကြောင်း ပြောကြားသည်။ ထို့အပြင်၊ ဒေါ်ဆောင်ဆန်းစုကြည်သည် စင်ကာပူ လာဘ်ပေးလာဘ်ယူမှု စုံစမ်းစစ်ဆေးရေး ဌာနသို့ သွားရောက် ကြည့်ရှုပြီး လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးတွင် စင်ကာပူ နိုင်ငံ၏ ရရှိနေပြီး ဖြစ်သော အောင်မြင်မှုများကို အထူး ချီးကျူးသည်။

နှစ်နိုင်ငံတို့သည် အများပြည်သူ့ လမ်းပန်းဆက်သွယ်ရေးနှင့် စွမ်းအင် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုသစ်များကိုလည်း ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

   Webradio