• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမဆုံး နျူကလီးယား လျှပ်စစ်ဓါတ်အားပေး စက်ရုံ စီမံကိန်း ဗီယက်နမ် ရပ်စဲ

(GMT+08:00) 2016-11-29 15:23:29

ပြီခဲ့သည့် သီတင်းပတ်က ဗီယက်နမ် လွှတ်တော်သည် အစိုးရမှ တင်ပြသော ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ်ကို အတည်ပြု ပြဌာန်းခဲ့ရာ ပထမဆုံး နျူကလီးယား လျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံကိန်းကို ရပ်စဲသည်ဟု ဆုံးဖြတ် ခဲ့ကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာမှ သတင်းအရ သိရသည်။

၎င်းနျူကလီးယား လျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး လုပ်ငန်း၏ ကြိုတင်အမှာစာကို ဂျပန်နှင့် ရုရှားတို့ ရရှိခဲ့ကြခြင်း ဖြစ်ကြောင်း၊ ဗီယက်နမ်မှ ၄င်းစီမံကိန်း ကိုရပ်စဲသည့် အကြောင်းရင်းမှာ တည်ဆောက်ရေး စရိတ် တိုးပွားလာပြီး ဗီယက်နမ် ပြည်တွင်း ဘဏ္ဍာရေး အခြေအနေ မကောင်းခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ဂျပန် မီဒီယာများက ဗီယက်နမ်၏ ၄င်းကြိုတင်အမှာစာ ရုပ်သိမ်းခြင်းသည် ဂျပန် နျူကလီးယား လျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာ တင်ပို့ ရောင်းချမှု မဟာဗျူဟာ အပေါ် ဆိုးရွားသော ထိခိုက်မှု ဖြစ်ကြောင်း ယူဆကြသည်။

ဂျပန်သည် နျူကလီးယား လျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေးနှင့် အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၆၀ကျော်ကြာရှိပြီဖြစ်ပြီး အတွေ့အကြုံများစွာ ရှိကာ နျူကလီးယား လျှပ်စစ်ဓါတ်အားပေးရေး နည်းပညာ အရည်အချင်းသည် ကမ္ဘာပေါ်တွင် ထိပ်တန်းအဆင့် ရှိနေကြောင်း၊ ဖူကူရှီမာနျူကလီးယား ယိုစိမ့်မှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း တွင် ဂျပန် ပြည်တွင်းရှိ နျူကလီးယား လျှပ်စစ်ဓါတ်အားပေး စက်ရုံများသည် အခြေခံ အားဖြင့် ရပ်ထားရပြီး ပြည်တွင်း နျူကလီးယား လျှပ်စစ်ဓါတ်အား စက်ရုံ တည်ဆောက် ရေးဈေးကွက် လျင်မြန်စွာ ကျဆင်းသွားကြောင်း၊ ထို့ကြောင့် ရှင်ဇိုအာဘေး အစိုးရသည် နျူကလီးယား လျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး လုပ်ငန်းကို အခြားနိုင်ငံသို့  တင်ပို့ရောင်းချမှုအား စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး မဟာဗျူဟာ၏ အရေးကြီး အစိတ်အပိုင်း တစ်ခု အဖြစ် ထားကြောင်း သိရသည်။  

   Webradio