• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အကျင့်ပျက်အစိုးရဝန်ထမ်းကို ပြည်သူများ တိုင်ကြားရန် မြန်မာ အစိုးရ အားပေး

(GMT+08:00) 2016-11-04 15:05:40

လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးကို အားဖြည့်ဆောင်ရွက်ရန် မြန်မာ အစိုးရသည် လာဘ်ယူမှုနှင့် ပတ်သက်သော အကျင့်ပျက် အစိုးရ ဝန်ထမ်းများ တိုင်ကြားရန် ပြည်သူများအား အားပေးထောက်ခံရေး ဆောင်ရွက်ချက်များကို ၂ရက်နေ့က ထုတ်ပြန် ကျင့်သုံးခဲ့ကြောင်း တရုတ်ပြည် Globaltimes သတင်းစာမှ သတင်းအရ သိရသည်။

 မြန်မာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက လာဘ်ပေးလာဘ်ယူမှု အပါအဝင် အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ ပြည်သူများ၏ တိုင်ကြားချက်များကို လက်ခံမည် ဖြစ်ကြောင်း၊ တိုင်ကြားသူများ၏ လုံခြုံမှုကို ထိန်းသိမ်းကာကွယ်ရန် အတွက်  တိုင်ကြား ချက်များကို မပေါက်ကြားအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ယမန်နေ့က ဖော်ပြသည်။

မြန်မာ နာမည်ကျော် ဝေဖန်သုံးသပ်သူ တစ်ဦးက "Frontier Myanmar" ဝက်ဘ်ဆိုက် တွင် ဆောင်းပါးတစ်ပုဒ်ကို ရေးသားရာ နှစ်ပေါင်း ၃-၄ဆယ်ကြာ စစ်အစိုးရ အချိန်ကာလ၌ အစိုးရ အဆင့်မြင့် အရာရှိများတွင်ရော အောက်ခြေအဆင့် ဝန်ထမ်းများတွင်ပါ အဂတိ လိုက်စားမှု ပြန့်ပွားခဲ့ကြောင်း ဖော်ပြသည်။

ယခုနှစ် သြဂုတ်လက မြန်မာ ပြည်သူ့လွှတ်တော် ဆွေးနွေးပွဲ ကျင်းပပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် အစိုးရအား အားပေးထောက်ခံရေး အဆိုပြုချက် တစ်ခုကို အတည်ပြုပြဌာန်းခဲ့ကြောင်း၊ ၄င်းအဆိုပြုချက် တင်ပြသူက အစိုးရ အနေနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို စောလျင်စွာ အစွမ်းကုန် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာသည် ယင်းအဂတိလိုက်စားမှု တိုက်ဖျက်ရေးမှ စောလျင်စွာ အကျိုးရရှိမည် ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာ ဒီမိုကရေစီ ရွေးကောက်ခံ အစိုးရ ဖြစ်လာခဲ့သည့် နောက်ပိုင်းတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြောင်း၊ သမ္မတရုံး ဝန်ကြီးဌာနက ယခုနှစ် ဧပြီလ ၁ရက်နေ့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ရာ အစိုးရ ဝန်ထမ်း အနေနှင့် ကျပ်ငွေ ၂သောင်း၅ထောင်ကျော်ဖိုး ရှိသော လက်ဆောင်ပစ္စည်းကို လက်မခံရ၊ တစ်နှစ် အတွင်း လက်ခံရရှိသော လက်ဆောင်ပစ္စည်း စုစုပေါင်း ပမာဏမှာ ကျပ်ငွေ ၁သိန်းမကျော်ရဟု သတ်မှတ်ကြောင်း ညွှန်ကြားဖော်ပြသည်။

 

   Webradio