• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရှေ့တောင်အာရှတွင် ခရီးသွား အထူး သတိပေးချက် ကန်နိုင်ငံ ထုတ်ပြန်

(GMT+08:00) 2016-09-30 13:30:39

၂၉ရက်နေ့က အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေး စင်တာက ခရီးသွား အထူး အကြံပေးချက် ထုတ်ပြန်ခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးများအား Zika ဗိုင်းရပ်စ်ပိုး ကူးစက်ခံရ သည့်အန္တရာယ်ရှိခြင်းကြောင့် အရှေ့တောင်အာရှ ၁၁နိုင်ငံတွင် မလိုအပ်သော ခရီးသွားခြင်းကို ရွှေ့ဆိုင်းရန် အကြံပြု ဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းထုတ်ပြန်ကြေညာချက်တွင် ယင်းနိုင်ငံများ၌ ဘရူနိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မော်လဒိုက်၊ ဖိလစ်ပိုင်၊ ထိုင်း၊ အရှေ့တီမောနှင့် ဗီယက်နမ် ပါဝင်ကြောင်း ဖော်ပြသည်။

   Webradio