• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်လုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး စီမံကိန်း စင်ကာပူ စတင် ကျင့်သုံး

(GMT+08:00) 2016-09-26 14:54:57

စင်ကာပူ အစိုးရက ပြည်လုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး စီမံကိန်းကို စတင် ကျင့်သုံး ကြောင်း ၂၄ရက်နေ့က တရားဝင် ကြေညာခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

စင်ကာပူသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် လူမှုရေး တည်ငြိမ်မှု ထိန်းသိမ်းကာ ကွယ်ရေးကို တလျှောက်လုံး အလေးထားကြောင်း၊ ယင်းသည် စင်ကာပူ တစ်ပြည်လုံးက လူနေရပ်ကွက်များတွင် အတိုင်းအတာ ကြီးမားစွာ ကျင့်သုံးသော အကြမ်းဖက်မှု တိုက်ဖျက် ရေးဆိုင်ရာ အရေးပေါ် လုပ်ဆောင်ရေး စီမံကိန်း တစ်ရပ် ဖြစ်သကဲ့သို့ စင်ကာပူ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထွေထွေ စီမံကိန်းတွင် အရေးကြီး အစိတ်အပိုင်း တစ်ခု လည်းဖြစ်ကြောင်း၊ ထို့အပြင်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်သစ် တစ်ချက် လည်း ဖြစ်ကြောင်း သိရသည်။

စင်ကာပူ ဝန်ကြီးချုပ် လီရှိန်လွန်းနှင့် ဝန်ကြီးများသည် စီမံကိန်း စတင် ကျင့်သုံးရေး အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း၊ လီရှိန်လွန်းက စင်ကာပူသည် အကြမ်းဖက် ခြိမ်းခြောက်မှုများနှင့် အမှန်တကယ် ရင်ဆိုင်နေရကြောင်း၊ အစိုးရ အနေနှင့် ဘက်စုံ အဆင်သင့် ဖြစ်နေကြောင်း၊ ပြည်သူများ အနေနှင့် အကြမ်းဖက် ခြိမ်းခြောက်မှုကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သင့်ကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းတွင် စင်ကာပူ ပြည်သူများ သည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဖြစ်ပေါ် နိုင်ဖွယ်ရာရှိသော အရေးပေါ် အခြေအနေကို ပြည်သူ တစ်ရပ်လုံး သက်ညီလက်ညီ ရင်ဆိုင်ကြရန် ပန်ကြားကြောင်းလည်း ပြောကြားသည်။

လွန်ခဲ့သည့် သြဂုတ်လက အင်ဒိုနီးရှား အကြမ်းဖက်သမားအချို့သည် ဘင်တန် ကျွန်းမှ စင်ကာပူ ပင်လယ်ကွေ့ဒေသကို ရောကက်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကြံစည်ခဲ့ကြောင်း၊ အရှေ့တောင်အာရှ ဒေသတွင် စင်ကာပူသည် ပြည်တွင်း လုံခြုံရေး အပေါ် အလေးထားဆုံး နိုင်ငံ ဖြစ်ကြောင်း၊ လီရှိန်လွန်းက အကြမ်းဖက် တိုက်ခိုက်မှုသည် စင်ကာပူ အတွက် အချိန် ကိစ္စပင် ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ဖူးသည်။

 

   Webradio