• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းအစိုးရ လုပ်ငန်း အစီရင်ခံစာ ထုတ်ပြန်

(GMT+08:00) 2016-09-20 15:13:12

မကြာမီက ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဘရာယွတ်နှင့် ဒုဝန်ကြီးချုပ် ၆ဦးတို့သည် လွန်ခဲ့သော ၂နှစ်၏ အစိုးရ လုပ်ငန်း အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ လက်ရှိအစိုးရ အာဏာ ကျင့်သုံးသည့် ၂နှစ်အတွင်း နိုင်ငံတကာ မိသားစုကြီးတွင် ထိုင်း၏ဂုဏ်သိက္ခာကို ပြန်လည် ထူထောင်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

ဒုဝန်ကြီးချုပ် ပရာဝစ်၊ တာနာဆတ်၊ ဘာရွန်၊ ပရာကျင်၊ ဗီရှာနူနှင့် စုန်ကစ်သည် ကာကွယ်ရေးနှင့် လုံခြုံရေး၊ ခရီးသွား၊ ယဉ်ကျေးမှုနှင့် အားကစား၊ ဆေးဝါးကုသရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးနှင့် စွမ်းအင်၊ တရားဥပဒေ၊ စီးပွားရေးနှင့် နိုင်ငံခြားရေး နယ်ပယ်၆ခုတွင် တာဝန်ခံ အသီးသီး ဖြစ်ကြောင်း၊ ၄င်းသည် လွန်ခဲ့သည့် ၂နှစ် အတွင်း ကိုယ်စီ တာဝန်ထမ်းဆောင်သည့် နယ်ပယ်တွင် ရရှိခဲ့သော အောင်မြင်မှုများကို အသီးသီး ပေါင်းရုံးသုံးသပ်ခဲ့သည်။

နိုင်ငံတော် တရားဥပဒေရေးရာ တာဝန်ခံ၊ ဒုဝန်ကြီးချုပ် ဗီရှာနူက လွန်ခဲ့သော ၂နှစ် အတွင်း ထိုင်းအစိုးရသည် အက်ဥပဒေ ၁၈၇ခုကို ထုတ်ပြန်ကျင့်သုံးခဲ့ကြာင်း၊ လက်ရှိ အစိုးရသည် တရားဥပဒေဆိုင်ရာ ဂုဏ်သိက္ခာနှင့် လူမှုရေး သမာသမတ်ကျမှုကို ပြန်လည် ထူထောင်ခဲ့ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ၄င်းအစိုးရ လုပ်ငန်း အစီရင်ခံစာတွင် လွန်ခဲ့သည့် ၂နှစ်အတွင်း ရရှိခဲ့သော တိုးတက်မှုများကို ရေးသားဖော်ပြသည်။ ယင်းတိုးတက်မှုများတွင်  ထိုင်းအားကစားမောင် မယ်များ ယခုနှစ် အိုလံပစ် အားကစားပွဲတော်တွင် ကောင်းမွန်သော အောင်မြင်ချက် များရရှိခြင်း၊ ဘန်ကောက် နိုင်ငံအသီးသီးမှ ခရီးသည်များ အကြိုက်ဆုံးမြို့ဖြစ်ခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။

ဝန်ကြီးချုပ် ပရာယွတ်က မကြာမီတွင် အစိုးရသည် 4.0မဟာဗျူဟာကို ထုတ်ပြန်ကျင့်သုံးမည် ဖြစ်ကြောင်း ၄င်းမဟာဗျူဟာသည် ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ပုံစံနှင့် ဦးတည်ချက်သစ်နှင့် ကိုက်ညီပြီး စီးပွားရေး လှုပ်ရှားမှုများတွင် ဆန်းသစ်တီထွင်မှုနှင့် နည်းပညာ အသုံးပြုမှုကို အားပေးထောက်ခံမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio