• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၁ရာစု ပင်လုံ ညီလာခံ ဖွင့်လှစ်

(GMT+08:00) 2016-08-31 11:07:45

၃၁ရက်နေ့က ဖွင့်လှစ်သော ၂၁ရာစု ပင်လုံ ညီလာခံ၊ တစ်နည်းအားဖြင့်ပြောရလျှင်  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် အရေး ကြီးသော ကိစ္စတစ်ရပ် ဖြစ်သကဲ့သို့  မြန်မာ ပြည်တွင်း ငြိမ်းချမ်းရေး အကောင်အထည် ဖော်ရန် အတွက် သမိုင်းဝင် အခွင့်ကောင်းတစ်ခု ဖြစ်ကြောင်းလည်း ဆင်ဟွာ သတင်း ဌာနက ရေးသားဖော်ပြသည်။

၂၁ရာစု ပင်လုံ ညီလာခံတွင် ပြည်တွင်းစစ် အမြန်ဆုံး အဆုံးသတ်ပြီး ရေရှည်ငြိမ်းချမ်း ရေးအကောင်အထည်ဖော်ရန် နိုင်ငံရေး ဆိုင်ရာ ဖြေရှင်းရေး နည်းလမ်း အကောင်အထည် ဖော်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကြောင်း၊ ယင်းသည် နှစ်ပေါင်း ၆၀ကျော်ကြာ ပြည်တွင်း စစ်ဘေးဒဏ်သင့်သော မြန်မာနိုင်ငံ အတွက် အရေးကြီးပြီး လက်တွေ့ကျသော အနက်အဓိပ္ပါယ် ရှိကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

ယခုတွင် ရွှင်လန်းနှစ်သိမ့်ဖွယ်ရာကောင်းသည်မှာ လက်နက်အင်အားဖြင့် တိုင်းရင်း သား လက်နက်ကိုင် ပြဿနာကို ဖြေရှင်းပေးနိုင်မည် မဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးခြင်း သည် ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရန် တစ်ခုတည်းသော မှန်ကန်သည့် နည်းလမ်း ဖြစ်သည်ကို အစိုးရ တပ်မတော် အပါအဝင် အင်အား အသီးသီးတို့က သိမြင်လာကြောင်း အကဲခတ်များက ဖော်ပြသည်။

 ယခုနှစ် ဧပြီလက တက်လာသည့် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ သည် အမျိုးသား ကြေအေးရေး အလံကို ဆက်လက် လွှင့်ထူပြီး အစိုးရဟောင်းမှ ငြိမ်းချမ်း ရေး ဆွေးနွေးခြင်း အမွေအနှစ်ကို ဆက်ခံကာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အရှိန်မြှင့် တွန်းအား ပေးကြောင်း၊ အာဏာရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တစ်ပြည်လုံးတွင် ရေရှည် ငြိမ်းချမ်းရေး အကောင်အထည် မဖော်နိုင်ပါက မြန်မာ နိုင်ငံ၏ ဘက်စုံ ဖွံ့ဖြိုးတိုး တက်ရေးကို အကောင်အထည် ဖော်နိုင်မည် မဟုတ်ကြောင်း ကြိမ်ဖန်များစွာ ပြောကြားခဲ့ ဖူးသည်။

ယခုအကြိမ် ငြိမ်းချမ်းရေး ညီလာခံသည် စိန်ခေါ်မှုနှင့် အခက်အခဲများနှင့် ကြုံတွေ့နေရ ကြောင်း၊ အထင်ရှားဆုံး အချက်မှာ ဘက်စုံသက်ညှာထောက်ထားမှု အကောင်အထည်ဖော် ခြင်းဖြစ်ကြောင်း၊ ဒုတိယအချက်ကတော့ စစ်ဘက်မှ အခန်းကဏ္ဍသည် သော့ချက်ကျ ကြောင်း၊ တတိယအချက်က နိုင်ငံရေးနှင့် လူမှုရေး အင်အား အသီးသီးတို့မှ အားပေး ထောက်ခံမှုများ အလွန်လိုအပ်ကြောင်း အကဲခတ်များက ယူဆကြသည်

 

   Webradio