• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လမ်ဆန်မြစ်-မဲခေါင်မြစ် ၆ နိုင်ငံ လူငယ်များ ဆန်းသစ် ဒီဇိုင်းပြိုင်ပွဲ ကျင်းပ

(GMT+08:00) 2016-08-18 13:02:17

လမ်ဆန်မြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသ ပြုပြင်စီမံရေးနှင့် ဖွံ့ဖြိုးရေး လူငယ်များ ဆန်းသစ် ဒီဇိုင်း ရေးဆွဲရေး နောက်ဆုံးပြိုင်ပွဲကို ၁၇ ရက်နေ့က တရုတ်ပြည် ချင်းဟိုင် ပြည်နယ် ယုရှု၌ ဖွင့်လှစ်ခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

ရှီးအန်းမြို့ရှိ ကမ္ဘောဒီးယား ကောင်စစ်ဝန်ရုံးချုပ်မှ ကောင်စစ်ဝန်ချုပ် ဟိုပီခ်ျရာဝူသ်၊ နန်နင်းမြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးချုပ်မှ ကောင်စစ်ဝန်ချုပ် ဦးအောင်ကိုတို့သည် မဲခေါင်မြစ် ၅ နိုင်ငံ ကိုယ်စား ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့ကြသည်။

   Webradio