• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ် အနုညာတ စီရင်ဆုံးဖြတ်မှု ဆိုင်ရာ ငွေစာရင်းများ ထုတ်ပြန်ရန် ဖိလစ်ပိုင် ပြည်တွင်း တောင်းဆို

(GMT+08:00) 2016-08-01 14:49:43

ဖိလစ်ပိုင် သမ္မတဟောင်း အာရိုယို၏ ပြောရေးဆိုခွင့်ရှိသူ ဗီတို တစ်လော်က မကြာမီက ဆောင်းပါးတစ်ပုဒ် ရေးသားဖော်ပြခဲ့ရာ တောင်ပင်လယ် အနုညာတ စီရင် ဆုံးဖြတ်မှု အတွက် ဖိလစ်ပိုင်မှ ထုတ်ပေးသော အသုံးစရိတ် ပမာဏမှာ အမေရိကန် ဒေါ်လာ သန်းပေါင်း၃၀ရှိကြောင်း၊ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်ဟောင်း ဖရန်စစ္စကို တာတာဒေက ဖိလစ်ပိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အစိုးရမှ ဘဏ္ဍာငွေ ထုတ်ပေးခြင်းကို မှတ်တမ်းပြုရကြောင်း၊(သို့) ပြည်သူများ သိကြအောင် ထုတ်ပြန်ရကြောင်း၊ သို့သော် ၄င်း အသုံးစရိတ်၏ အရင်းအမြစ်နှင့် အသုံးပြုမှု အသေးစိတ် အကြောင်းအရာများနှင့် ပတ်သက်၍ မှတ်တမ်း လုံးဝမရှိကြောင်း လူသိရှင်ကြား ပြောကြားသည်။ ထို့ကြောင့်  တတိယမြောက် အာကီနို အစိုးရ အနေနှင့် တောင်ပင်လယ် အနုညာတ စီရင်ဆုံးဖြတ်မှု ဆိုင်ရာ အဖြစ်မှန်ကို ပြည်သူများအား မသိအောင် ထိမ်ဝှက်ဖုံးကွယ်ထားသည်ဟု ယူဆကြောင်း တာတာဒေက ပြောကြားသည်။ တောင်ပင်လယ် အနုညာတ စီရင်ဆုံးဖြတ်မှု ဆိုင်ရာ အသုံးစရိတ်၏ အရင်းအမြစ် ရှင်းရှင်းလင်းလင်း မရှိသောကြောင့် ၄င်းသုံးငွေတွင် နိုင်ငံခြားမှ ငွေရင်းရှိသနည်း ဆိုသည်ကို မေးချင်ကြောင်း တာတာဒေက ပြောကြားသည်ဟု တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

ယခုတွင် ၄င်းအသုံးစရိတ်နှင့်ပတ်သက်၍ ဖိလစ်ပိုင်ပြည်တွင်းက တစ်ယောက် တစ်ပေါက်စီ အမျိုးမျိုးပြောဆိုကြကြောင်း၊ နိုင်ငံတကာ မိသားစုကြီးသည်လည်း အာရုံစိုက်ကြကြောင်း၊ တောင်ပင်လယ် အနုညာတ စီရင်ဆုံးဖြတ်ချက်သည် ဖိလစ်ပိုင်၏ တောင်းဆိုချက်အရ ပြုလုပ်သည့် အစွန်းရောက် စီရင်ဆုံးဖြတ်ချက် တစ်ခုဖြစ်ပြီး နိုင်ငံတကာ တရားဥပဒေနှင့် အနုညာတ စီရင်ဆုံးဖြတ်မှု သမိုင်းကြောင်းတွင် အလွန်ရှားပါးသောကြောင့် လူအများက ၄င်းစီရင်ဆုံးဖြတ်မှုရလဒ် အပေါ် မယုံသင်္ကာ ဖြစ်ကြကြောင်း၊ အနုညာတ စီရင်ဆုံးဖြတ်သူ လာဘ်ယူပြီး ယင်းသို့ တရားမျှတမှု လုံးဝမရှိသော စီရင်ဆုံးဖြတ်ချက်ကို ပြုလုပ်သည်ဟု လူတစ်ချို့က ယူဆကြကြောင်း တရုတ်ပြည်သူ့နေ့စဉ် သတင်းစာတွင် ရေးသား ဖော်ပြသည်။

သတိထားဖွယ်ရာ တစ်ချက်က အမေရိကန်နှင့် ဂျပန် အပါအဝင် နိုင်ငံများနှင့် အဖွဲ့အစည်းအချို့သည် တောင်ပင်လယ် အနုညာတ စီရင်ဆုံးဖြတ်မှု တွန်းအားပေးရန် အတွက် အရင်းအမြစ်များကို အသုံးပြုပြီး ငွေများကိုလည်း ထုတ်ပေးခဲ့ကြောင်း၊ အနုညာတ စီရင်ဆုံးဖြတ်မှု၏ ပထမဆုံးအသုံးစရိတ်ကို အမေရိကန် သက်ဆိုင်ရာ လုပ်ငန်းဌာနမှ ထုတ်ပေးသည် ဖြစ်ကြောင်း၊ တစ်လော်က အနုညာတ စီရင်ဆုံးဖြတ်မှုသည် တောင်ပင်လယ် ရေးရာတွင် အမေရိကန် ဝင်ရောက်စွက်ဖက်ရန် အကြောင်းပြချက် ပေးခဲ့သည်ဟု ပွင့်ပွင့်လင်းလင်း ပြောကြားကြောင်း ရေးသားဖော်ပြသည်။

 

   Webradio