• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကယ်ရီနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2016-05-25 11:12:40

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီးသည် ၂၂ရက်နေ့က မြန်မာနိုင်ငံသို့ ခရီးလှည့်လည်ရန် ရောက်ရှိပြီး မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အသီးသီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဝန်ကြီးကယ်ရီက မြန်မာနိုင်ငံ၏ ပြောင်းလဲမှုကို အကြိမ်ပေါင်းများစွာ ချီးကျူးသည့်အပြင်၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်း၊ လွန်ခဲ့သော ၂နှစ်အတွင်း မြန်မာနိုင်ငံသို့ ဝန်ကြီး ကယ်ရီ နောက်တစ်ကြိမ် သွားရောက် ခရီးလှည့်လည်ခြင်းသည် မြန်မာ အစိုးရသစ် အပေါ် အမေရိကန်၏ အားပေးထောက်ခံမှုကို ဖော်ပြနေကြောင်း ရေးသားဖော်ပြသည်။

ကယ်ရီ ခရီးမထွက်မီက အမေရိကန်သည်  မြန်မာ အပေါ် အရေးယူမှုကို ဆက်လက် ကျင့်သုံးမည် ဖြစ်သော်လည်း အရေးယူမှုကို လျှော့ချပေးမည် ဖြစ်ကြောင်း ကြေညာသည်။ အမေရိကန်သည် စစ်ဘက်မှ ပုဂ္ဂိုလ်နှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အပေါ် အဓိကအားဖြင့် အရေးယူမှု ကျင့်သုံးခြင်းဖြစ်ကြောင်း၊ ယင်းအရေးယူမှု ဆက်လက် ကျင့်သုံးခြင်းဖြင့် ပြုပြင်ပြောင်းလဲမှု အားသစ်လောင်းပေးနိုင်အောင် မြန်မာနိုင်ငံ အပေါ် ဖိအားပေးရန် အမေရိကန် ရည်ရွယ်ထားကြောင်း နိုင်ငံခြား မီဒီယာအချို့က ယူဆကြသည်။

ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် ဝန်ကြီးကယ်ရီနှင့် ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားလူမျိုးစု ပြဿနာ အပါအဝင် အကဲဆတ်သော ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း၊ ဝန်ကြီးကယ်ရီနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာ တပ်မတော်နှင့် အစိုးရ၏ ဆက်ဆံမှု၊ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံမှု၊ နှစ်နိုင်ငံ တပ်မတော် ဆက်ဆံမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း မြန်မာ အစိုးရ မီဒီယာများက ထုတ်ဖော်ခဲ့သည်။ ယခုအကြိမ် ကယ်ရီ၏ မြန်မာခရီးစဉ်၏ ရည်ရွယ်ချက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပေါ် အားပေးထောက်ခံမှုကို ဖော်ပြရန်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အပါအဝင် ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များ ဆက်လက် အားသစ်လောင်းပေး နိုင်အောင် မြန်မာ နိုင်ငံအား တွန်းအားပေးရန် ဖြစ်ကြောင်း သိရသည်။ ယခုအကြိမ် ခရီးစဉ် အချိန်တိုတောင်းသည့် အတွက်ကြောင့် သမ္မတ ဦးထင်ကျော်သည် ဝန်ကြီး ကယ်ရီကို တွေ့ဆုံနှုတ်ဆက်ခြင်း မရှိကြောင်း သိရသည်။

ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကယ်ရီသည် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ ကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ မြန်မာ အစိုးရ မီဒီယာများသည် သတင်း ထုထ်ပြန်ခဲ့သော်လည်း အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ ထုတ်ပြန်ခြင်း မရှိသေးကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

   Webradio