• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှားတွင် ဗီယက်နမ် ဝန်ကြီးချုပ်သစ် ခရီးလှည့်လည်

(GMT+08:00) 2016-05-19 10:51:21

ရုရှား သမ္မတ ပူတင်နှင့် ဝန်ကြီးချုပ် မယ်ဒ်ဗယ်ဒ်ဗ်၏ ဖိတ်ကြားချက်အရ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်စွမ်ပွတ်သည် ၁၆ရက်နေ့မှ ၂၀ရက်နေ့အထိ ရုရှားတွင် ခရီးလှည့်လည်ပြီး ဆိုချီမြို့တွင် ကျင်းပသော အာဆီယံ-ရုရှား ဆွေးနွေးဘက် ဆက်ဆံမှု ထားရှိခဲ့သည့် နှစ်၂၀ပြည့်မြောက်ခြင်း အဆင့်မြင့် အစည်းအဝေးသို့လည်း တက်ရောက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ငုယင်စွမ်ပွတ်သည် ယခုနှစ် ဧပြီလက ဝန်ကြီးချုပ် စတင် တာဝန်ထမ်းဆောင် ခဲ့ကြောင်း၊ ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ပြီး ငုယင်စွမ်ပွတ် ပထမ လှည့်လည်သည့် နိုင်ငံသည် ရုရှားပင် ဖြစ်ကြောင်း၊ ယင်းသည် ရုရှားနှင့် ဆက်ဆံမှု အပေါ် ဗီယက်နမ် အလွန် အလေးထားခြင်းကို ဖော်ပြနေကြောင်း အကဲခတ်များက ယူဆကြသည်။

ယခုအကြိမ် ရုရှားခရီးစဉ်၏ ရည်ရွယ်ချက်မှာ တစ်ဖက်က အာဆီယံ-ရုရှား ဆက်ဆံမှုနှင့် ဗီယက်နမ်-ရုရှား ဆက်ဆံမှု အပေါ် အပြည့်အဝ အသိအမှတ်ပြုခြင်းကိုရော၊ နိုင်ငံတကာ အခြေအနေမျိုးတွင် နှစ်ဖက်နှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး စနစ်၏ အခန်းကဏ္ဍ အပေါ် အလွန် အလေးထားခြင်းကိုပါ ဖော်ပြရန် ဖြစ်ကြောင်း၊ နောက်တစ် ဖက်ကတော့ နယ်ပယ် အသီးသီးမှ နှစ်နိုင်ငံတို့၏ အကြီးစား လုပ်ငန်းရပ်များ လက်တွေ့ ဖော်ဆောင်မှု တွန်းအားပေးရန်ရော၊ နှစ်နိုင်ငံတို့ အတူတကွ အာရုံစိုက်ကြသောနိုင်ငံ တကာနှင့်ဒေသတွင်း ပြဿာနာများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ကြရန်ရော၊ ဗီယက်နမ်-ရုရှား ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုကို တိုးမြှင့်ရန်ရော၊ နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းထိရောက်စွာ ဖွံ့ဖြိုးတိုးတက်နိုင်အောင် အားသစ် လောင်းပေးရန်ပါ ဖြစ်ကြောင်း ဗီယက်နမ် ပြည်သူ့သတင်းစာတွင် ရေးသားဖော်ပြသည်။

ထို့အပြင်၊ နှစ်နိုင်ငံအကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန်၊ စွမ်းအင်နှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဇောက်ချပြုလုပ်ရန်သည် ယခုအကြိမ် ရုရှားခရီးစဉ်၏ ရည်ရွယ်ချက်များလည်း ဖြစ်ကြောင်း သိရသည်။

 

   Webradio