• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရည်အသွေးကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုဖြင့် "အာဆီယံ အံ့ချီးဖွယ်ရာ" အကောင်အထည်ဖော်ဟု ကုလ ဖွံ့ဖြိုးရေးနှင့် စီမံကိန်း မဟာမင်းကြီးရုံး အရာရှိဆို

(GMT+08:00) 2016-05-12 14:35:51

ယမန်နှစ် နှစ်ကုန်ပိုင်းက အာဆီယံ အသိုက်အဝန်းကို တရားဝင် တည်ထောင်ပြီးစီး ခဲ့ကြောင်း၊ လူကို အရင်းခံခြင်းရှိသော အာဆီယံ အသိုက်အဝန်းကို တည်ဆောက်မည်ဟု အာဆီယံက အလေးထား ဖော်ပြသည်။ ယင်းနှင့် ပတ်သက်၍ မကြာမီက အင်ဒိုနီးရှားတွင် အလည်အပတ် ရောက်ရှိသော ကုလသမဂ္ဂ ဖွံ့ဖြိုးရေးနှင့် စီမံကိန်း မဟာမင်းကြီးရုံး လက်ထောက် ဥက္ကဋ္ဌ၊ အာရှနှင့် ပစိဖိတ်ရေးရာဌာန ဌာနမှူး ရွှီဟော့လျန်က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံပြီး မေးမြန်းချက်များကို ဖြေကြားခဲ့သည်။

ရွှီဟော့လျန်က လွန်ခဲ့သော ၁၀နှစ်ခန့်အတွင်း၊ အထူးသဖြင့် အာဆီယံ အသိုက်အဝန်း တရားဝင် တည်ထောင်ပြီးစီးသည်ဟု ကြေညာခဲ့သည့် နောက်ပိုင်းတွင် အရှေ့တောင်အာရှ ၏စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အလုံးစုံအခြေအနေသည် ကောင်းမွန်ပြီး အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ၂၀၁၄ခုနှစ်က အာဆီယံ၏ စီးပွားရေး စုစုပေါင်း ပမာဏနှင့် လူတစ်ဦးချင်း၏ ပျမ်းမျှဂျီဒီပီသည် ၂၀၀၇ခုနှစ်ကထက် တစ်ဆခန့် အသီးသီး တိုးလာ ခဲ့ကြောင်း၊ နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၈၅ဘီလီယံရှိရာမှ ၁၃၆ဘီလီယံအထိ တိုးလာခဲ့ကြောင်း၊ ယခုတွင် အာဆီယံသည် တရုတ်နှင့် ဂျပန်ပြီးလျှင် အာရှတိုက်၌ တတိယ အကြီးဆုံး စီးပွားရေး အုပ်စု ဖြစ်လာခဲ့ ကြောင်း၊ ယခုနှစ်တွင် အာဆီယံ၏ စီးပွားရေး တိုးနှုန်းမှာ ၅ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းရကြောင်း ပြောကြားသည်။

ထို့အပြင်၊ ရွှီဟော့လျန်က အာဆီယံဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်တွင် အလေးထား အာရုံစိုက်စရာ ရှိကြောင်း၊ တစ်ဖက်က စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုသည် ဆင်းရဲ မှုအပါအဝင် လူမှုရေး ပြဿနာများကို ဖြေရှင်းပေးရန်အတွက် အခြေခံအုတ်မြစ်ဖြစ် ကြောင်း၊ နောက်တစ်ဖက်ကတော့ သက်ညှာထောက်ထားမှုနှင့် ပျော့ပြောင်းကြံ့ခိုင်မှုရှိပြီး ဆက်တိုက်ပြုနိုင်သော ဖွံ့ဖြိုးတိုးတက်မှုသည် အရည်အသွေး ကောင်းမွန်သော ဖွံ့ဖြိုး တိုးတက်မှု ဖြစ်သကဲ့သို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အတွက်ရော၊ သင့်မြတ်သာယာသော လူ့ဘောင်အဖွဲ့အစည်း တည်ဆောက်ရေး အတွက်ရော၊ အကျပ်အတည်းများ ရင်ဆိုင်ရေး အတွက်ပါ အကျိုးပြုစွမ်းဆောင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှု လည်းဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio