• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ လေကြောင်းပိုင်နက် ဖွင့်လှစ်ခြင်း စာချုပ် အာဏာတည်

(GMT+08:00) 2016-05-10 11:06:14

မကြာမီက အာဆီယံ လေကြောင်းပိုင်နက် ဖွင့်လှစ်ခြင်း သဘောတူ စာချုပ် တရားဝင် အတည်ပြုပြဌာန်းပြီး ဘက်စုံအာဏာတည်ကြောင်း၊ ယင်းသည် အပြန်အလှန် ဆက်သွယ် ရေးနယ်ပယ်တွင် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး ဖြစ်စဉ် ခြေလှမ်းကြီး လှမ်းလိုက်ခြင်းကို ပြဆိုနေကြောင်း တရုတ် စီးပွားရေး နေ့စဉ် သတင်းစာ၌ ရေးသား ဖော်ပြသည်။

အာဆီယံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း တပြေးညီဖြစ်စေရေး အတွက် အခြေခံအုတ်မြစ် ဖြစ်သည့် မြို့ပြလေကြောင်းသည် မကြာမီနှစ်များက ဝန်ထမ်းများ အသွားအလာနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေစေရေးနယ်ပယ်တွင်ရော၊ အာဆီယံ နိုင်ငံများအကြား သဘောတူညီမှု ရရှိရေးအတွက်ပါ တစ်နေ့တခြား အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လာကြောင်း၊ ၄င်းစာချုပ်တွင် လေကြောင်းပို့ဆောင်မှု စရိတ်၊ ခရီးသည်များအတွက် ဝန်ဆောင်မှုပေးရေး၊ လေကြောင်းပိုင်နက် လုံခြုံရေးနှင့် စီမံခန့်ခွဲရေး အပါအဝင် အမြုတေရေးရာများဆိုင်ရာ ဘက်ပေါင်းစုံ သဘောတူစာချုပ်များ ပါဝင်ကြောင်း၊ ယင်းသဘောတူစာချုပ်သည် ဒေသတွင်း လေကြောင်းနယ်ပယ်မှ အပြန် အလှန်ဆက်သွယ်မှုနှင့် လေကြောင်းလုပ်ငန်း ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေး တွင်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပြီး အာဆီယံ တစ်ခုတည်းသော လေကြောင်းဈေးကွက် အရှိန်မြင့် တည်ထောင်ရေးကို အင်အားကောင်းကောင်းဖြင့် တွန်းအားပေးကာ အာဆီယံနှင့် ဆွေးနွေးဘက်အကြား လေကြောင်းပူးပေါင်းဆောင်ရွက်မှု ဇောက်ချပြုလုပ်ခြင်းကို တစ်ဆင့်တိုး အဆင်ပြေစေမည် ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးဌာနက ပြောကြားသည်။

Air Asia CEO တိုနီ-ဖှယ်နန်ဒယ်စ်က အာဆီယံ လေကြောင်းပိုင်နက် ဖွင့်လှစ်ခြင်း မူဝါဒ၏ သော့ချက်မှာ ဒေသတွင်း အခွန်တော်များကို ရုပ်သိမ်းရန်နှင့် လေယာဉ်များ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ယင်းဆောင်ရွက်ချက်သည် အာဆီယံ တပြေးညီ ဖြစ်စေရေး ဖြစ်စဉ် တွန်းအားပေးရေး အတွက် အထောက်အကူဖြစ်ကြောင်း ပြောကြားသည်။

   

   Webradio