• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒို စီးပွားရေး ကောင်းမွန်လာ

(GMT+08:00) 2016-05-06 15:18:31

    အင်ဒိုနီးရှား စီးပွားရေး ကိန်းဂဏန်းများသည် ကျဆင်းခဲ့ကြောင်း၊ သို့သော် ယခုနှစ် ပထမ ၃လပတ်အတွင်း စီးပွားရေး အခြေအနေမှ ကောင်းမွန်သော အမှတ်လက္ခဏာများ တွေ့ရကြောင်း၊ ယင်းသည် တစ်နှစ်ပတ်လုံး စီးပွားရေး တိုးတက်မှု အပေါ် စိုးရိမ်မကင်းဖြစ်မှုကို အသင့်အတင့် လျော့ပေါ့ကြောင်း အင်ဒိုနီးရှား ဗဟို စာရင်းအင်းဌာနမှ နောက်ဆုံးထုတ် စာရင်းကို ကိုးကား၍ တရုတ် စီးပွားရေး နေ့စဉ်သတင်းစာတွင် ရေးသားဖော်ပြသည်။

    ယခုနှစ် ပထမ ၃လပတ် အတွင်း အင်ဒိုနီးရှား စီးပွားရေး တိုးနှုန်းသည် ၄့၉၂ရာခိုင်နှုန်း ရှိပြီး  ၂၀၁၅ခုနှစ် စတုတ္ထ ၃လပတ်ကထက် ၀့၁၂ရာခိုင်နှုန်း ကျဆင်းကြောင်း၊ အင်ဒိုနီးရှား ဗဟိုဘဏ်၏ မူလက ခန့်မှန်းခြေ တိုးတက်နှုန်းသည် ၅့၁ရာခိုင်နှုန်း ဖြစ်ကြောင်း၊ စားသုံးသူများ၏ သုံးစွဲမှု တိုးနှုန်းသည် ၄့၉၄ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ဂျီဒီပီ အတွက် သုံးစွဲမှု၏ အကျိုးပြု စွမ်းဆောင်မှုနှုန်းမှာ ၅၇ရာခိုင်နှုန်း ရှိကြောင်း၊ ယခုနှစ် ပထမ ၃လပတ် အတွင်း အင်ဒိုနီးရှား၏ ရင်းနှီးမြှုပ်နှံမှု တိုးနှုန်းမှာ ၄့၂၄ရာခိုင်နှုန်း ရှိကြောင်း၊ ပို့ကုန်နှင့် သွင်းကုန် ပမာဏသည် ၃့၈၈ရာခိုင်နှုန်းနှင့် ၄့၂၄ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးနှုန်း ဒလဟော ကျဆင်းသွားခြင်းသည် အင်ဒိုနီးရှား စီးပွားရေး တိုးတက်မှု အားနည်းစေသည့် သော့ချက်ကျသော အကြောင်းရင်း ဖြစ်သည်ဟု စင်ကာပူ ဖွံ့ဖြိုး တိုးတက်ရေးဘဏ်က ယူဆကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။

    သို့သော် အင်ဒိုနီးရှား ဗဟို စာရင်းအင်းဌာန ညွှန်ချုပ် စူရ်ယာမင်က ၂၀၁၅ခုနှစ် အလားတူအချိန်က စီးပွားရေး တိုးနှုန်း ၄့၇၃ရာခိုင်နှုန်း ရှိခြင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ယခုနှစ် ပထမ၃လပတ်အတွင်း စီးပွားရေး အလုံးစုံ အခြေအနေသည် ပိုမိုကောင်းမွန် လာကြောင်း၊ အိမ်ခြံမြေ၊ ပြပွဲကြီး ပြုလုပ်ခြင်း အပါအဝင် စီးပွားရေး လှုပ်ရှားမှုများသည် များပြားလာကြောင်း ပြောကြားသည်။

   Webradio