• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်-ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်ပွဲ ကျင်းပ

(GMT+08:00) 2016-04-05 17:10:19

၂၀၁၆ခုနှစ် ဖိလစ်ပိုင်-အမေရိကန် Shoulder-to-Shoulder ပူးတွဲ စစ်ရေး လေ့ကျင့်ပွဲကို ၄ရက်နေ့ နံနက်ပိုင်းက ဖိလစ်ပိုင် လက်နက်ကိုင် တပ်မတော် ဌာနချုပ်ရုံး စိုက်ရာ အာဂီနာလ်ဒို တပ်စခန်းတွင် စတင် ကျင်းပခဲ့ကြောင်း ဖိလစ်ပိုင် စစ်ဘက်မှ ၄ရက်နေ့က ကြေညာခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

ယခုနှစ် ပူးတွဲ စစ်ရေးလေ့ကျင့်ပွဲကို ၂၃ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း၊ အမေရိကန်မှ တပ်မှူးတပ်သား ၄၉၀၀ကျော်၊ ဖိလစ်ပိုင်မှ တပ်မှူးတပ်သား ၃၇၀၀ခန့်နှင့် သြစတြေးလျမှ စစ်ဝန်ထမ်း ၈၀ကျော်သည် ယခုအကြိမ် ပူးတွဲ စစ်ရေးလေ့ကျင့်ပွဲတွင် ပါဝင်ကြမည်ဖြစ်ကြောင်း၊ ဂျပန်သည် အကဲခတ် အနေနှင့် ဝန်ထမ်း ၈၀ကျော်ကို စေလွှတ်ပြီး စစ်ရေးလေ့ကျင့်ပွဲ တစ်ခုလုံးကို ကြည့်ရှုမည် ဖြစ်ကြောင်း ဖိလစ်ပိုင် စစ်ဘက်မှ ထုတ်ပြန်ချက်အရ သိရသည်။

ပူးတွဲစစ်ရေး လေ့ကျင့်ပွဲ တာဝန်ခံ၊ ဖိလစ်ပိုင် တပ်မတော်မှ ဗိုလ်မှူး စန်ဒီအာဂိုက ယခုအကြိမ် ပူးတွဲ စစ်ရေး လေ့ကျင့်ပွဲသည် ဖိလစ်ပိုင်နှင့် အမေရိကန် နှစ်နိုင်ငံ သမိုင်းကြောင်းတွင် အတိုင်းအတာ အကြီးဆုံး ဖြစ်ပြီး မည်သည့် နိုင်ငံကိုမျှ ရည်ရွယ်သည်မှာ မဟုတ်သော စစ်ရေး လေ့ကျင့်ပွဲ တစ်ခု ဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်ပွဲ တွင် ဖိလစ်ပိုင် တပ်မတော် အတွက် နည်းပညာသစ်နှင့် လက်နက်ပစ္စည်းများ စမ်းသပ်ပေး မည်ဖြစ်ကြောင်း၊ ယင်းသည် ဖိလစ်ပိုင် တပ်မတော်၏ စစ်အင်အား တိုးမြှင့်ရေး အတွက် အထောက်အကူ ဖြစ်မည် ဖြစ်ကြောင်း ပြောကြားသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန လက်ထောက် ဒုဝန်ကြီး အေမီ စီရိုက်က ဂျပန်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံ အစိုးရတို့သည် ဖိလစ်ပိုင် ပြည်တွင်း ဂျပန် အစောင့်တပ် လှုပ်ရှားမှုများ၏ တရားဥပဒေ ဆိုင်ရာ  အဆင့်နေရာ သတ်မှတ်ရေး စာချုပ်နှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ကျင်းပလျက်ရှိကြောင်း၊ ၄င်းစာချုပ်ကို ချုပ်ဆိုနိုင်လျှင် ဂျပန်သည် အမေရိကန်-ဖိလစ်ပိုင် ပူးတွဲစစ်ရေး လေ့ကျင့်ပွဲတွင် တရားဝင် ပါဝင်နိုင်မည် ဖြစ်ကြောင်း မကြာမီက ပြောကြားသည်။

   Webradio