• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ အစိုးရသစ် စတင် အာဏာ ကျင့်သုံး

(GMT+08:00) 2016-04-01 15:08:40

မတ်လ ၃၀ရက်နေ့က မြန်မာနိုင်ငံသည် သမ္မတ အာဏာ လွှဲပြောင်းပေးရေး အခမ်းအနားနှင့် အစိုးရသစ်၏ ကျမ်းသိစ္စာကျိန်ဆိုပွဲကို ကျင်းပခဲ့ကြောင်း၊ NLDဦးဆောင် သော အစိုးရသစ်သည် ဧပြီလ ၁ရက်နေ့က စတင် တရားဝင် အာဏာကျင့်သုံးကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေး ဝန်ကြီး၊ လျှပ်စစ်စွမ်းအား ဝန်ကြီး၊ ပညာရေး ဝန်ကြီးနှင့် သမ္မတရုံး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီး တာဝန် ထမ်းဆောင်သည့်အတွက် သက်ဆိုင်ရာ ဥပဒေအရ ဒေါ်အောင်ဆန်း စုကြည်သည် အကြိမ်သစ် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် ဝင်ရောက်ခွင့် ရရှိပြီး အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးရေးရာများတွင် ပြောဆိုပိုင်ခွင့် လည်း ရရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် မြန်မာ အစိုးရ အဖွဲ့တွင် ဝန်ကြီး တာဝန်များ ထမ်းဆောင်ခြင်း သည် ၄င်းအနေနှင့် တိုင်းရေးပြည်ရာများ ကိုယ်တိုင်စီမံခန့်ခွဲပြီး မြန်မာကို အနာဂတ်သို့ ရှေ့ရှုချီတက်ရန် ဦးဆောင်မည်ကို ပြဆိုနေကြောင်း၊ သမ္မတဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်အား သက်ဆိုင်ရာ အစိုးရအဖွဲ့၏ အစည်းအဝေးများကို ခေါ်ယူ ကျင်းပပြီး သက်ဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် တာဝန်အပ်နှင်းနိုင်ကြောင်း၊  ဒေါ်ဆောင်ဆန်းစုကြည်သည် ၄င်းနည်းလမ်းဖြင့် အစိုးရလုန်ငန်းများကို စီမံခန့်ခွဲမည် ဖြစ်ကြောင်း အကဲခတ်များက ယူဆကြသည်။

   Webradio