• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

NPCနှင့် CPPCC အစည်းအဝေး အကျိုးရလဒ်များ တရုတ်ပြည်သူများ ပြောဆို

(GMT+08:00) 2016-03-17 17:26:58

၁၂ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ၄ကြိမ်မြောက် အစည်း အဝေးကို ၁၆ရက်နေ့က ပီကင်းတွင် ရုပ်သိမ်းခဲ့သည်။ ၄င်းအစည်းအဝေးတွင် ၁၃ကြိမ် မြောက် ၅နှစ် စီမံကိန်းကို အတည်ပြုဆုံးဖြတ်ခဲ့သည်။ ယင်းသည် လာမည့်၅နှစ် အတွင်း တရုတ် စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းပင် ဖြစ်သည်။ ယခုနှစ် အစည်းအဝေးတွင် ပြည်သူ့ကောင်းကျိုး အတွက် ပိုပြီးအလုပ်အကျွေးပြုရေး၊ ပြည်သူများ၏ အခက်အခဲနှင့် ပြဿနာများကို ပိုပြီး ဖြေရှင်းပေးရေး ဟူသော ပြောဆိုချက်များသည် တရုတ် အစိုးရ၏ အုပ်ချုပ်ရေး ကြံဆချက်ကို ပြသနေကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ်ပြည်သူများသည် အစည်းအဝေးမှ ဖော်ပြသည့် မူဝါဒ ဆိုင်ရာ သတင်း အချက်အလက်များ အပေါ် အာရုံစိုက်ကြသည်။ လူအချို့သည် ပညာရေးနှင့် လေထု ညစ်ညမ်းမှု ပြဿနာ အပေါ် အာရုံစိုက်ကြသည်။ အချို့သည်မူ ဆေးဝါးကုသရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးနယ်ပယ်များတွင် ပြဿနာ များအပေါ် အာရုံစိုက်ကြသည်။

လူမှုရေးနှင့် ပြည်သူတို့၏ စားဝတ်နေရေး ဆိုင်ရာ ပြည်သူများ၏ မျှော်လင့်ချက်နှင့် ဆန္ဒများ ပြည့်စေရေးသည် အရင်းခံအားဖြင့် စီးပွားရေး ဆက်တိုက် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင် တည်ကြောင်း အကဲခတ်များက ယူဆကြသည်။

နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က ယခုနှစ် အစိုးရလုပ်ငန်း အစီရင်ခံစာ တွင် ယခုနှစ် စီးပွားရေး ခန့်မှန်းခြေ တိုးတက်နှုန်းမှာ ၆့၅ရာခိုင်နှုန်းမှ ၇ရာခိုင်နှုန်းအကြား ရှိကြောင်း၊ စီးပွားရေး တိုးနှုန်း ထိန်းသိမ်းထားခြင်း၏ ရည်ရွယ်ချက်မှာ အလုပ်အကိုင် နေရာ ချထားရေးကို အာမခံပေးရန်၊ ပြည်သူတို့၏ နေထိုင်မှုဘဝကို ကောင်းမွန်လာစေရန် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio