• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

NPC အစည်းအဝေး ရုပ်သိမ်း

(GMT+08:00) 2016-03-16 14:52:46

၁၂ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့ ၁၆ရက်နေ့ နံနက်ပိုင်းက ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် ရုပ်သိမ်းခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျန်းဒေကျန်း သည် ရုပ်သိမ်းပွဲကို ဦးစီးကျင်းပပြီး ရှီကျင့်ဖိန်၊ လီခေ့ချန်၊ ယီကျင့်ရှင်း၊ လျိုယွင်ရှန်၊ ဝမ်ချီရှန်၊ ကျန်းကောလိတို့လည်း တက်ရောက်ခဲ့ကြသည်။

ယင်းအစည်းအဝေးတွင် အစိုးရလုပ်ငန်းအစီရင်ခံစာ၊ ၁၃ကြိမ်မြောက် ၅နှစ်စီမံကိန်း အကျဉ်းချုပ်နှင့် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ လုပ်ငန်း အစီရင်ခံစာစသည်များဆိုင်ရာ ဆုံးဖြတ်ချက်များကို အတည်ပြုပြဌာန်းပြီး ပရဟိတ ဥပဒေကိုလည်း အတည်ပြုပြဌာန်းခဲ့ကြောင်း၊ သတင်းရရှိ ပါသည်။

   Webradio