ယခုနှစ် တရုတ် အစိုးရ အစီရင်ခံစာတွင် တရုတ် စီးပွားရေး အောင်မြင်မှု၊ ပြဿနာနှင့် ရှေ့အလားအလာနှင့် ပတ်သက်၍ အလွန် နက်ရှိုင်းစွာ ရှင်းလင်းဖော်ပြပြီး ပြည်တွင်းပြည်ပ ပြည်သူများ တရုတ် စီးပွားရေး၏ အခြေခံ အခြေအနေကို မှန်ကန်စွာ သိရှိနားလည်ရန် အတွက်ရော၊ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းကို လက်မလွတ်ဘဲ ရယူရန် အတွက်ပါ အလွန် အရေးကြီးကြောင်း၊ တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က ၅ရက်နေ့က အစိုးရ လုပ်ငန်း အစီရင်ခံစာ တင်သွင်းရာတွင် ယမန်နှစ်က ရှုပ်ထွေးတင်းမာသော နိုင်ငံတကာ အခြေအနေမျိုး၌ တရုတ်ပြည် အောင်မြင်မှုများ ရရှိခဲ့သည်မှာ မလွယ်ကြောင်း ဖော်ပြသည်။ ယမန်နှစ် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု အားနည်းသည့် အခြေအနေမျိုးတွင် ဖွံ့ဖြိုးပြီး နိုင်ငံများသည် ငွေကြေးကျဉ်းကျုံ့မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ နိုင်ငံခြား ဈေးကွက် ကျဉ်းကျုံ့သွားသည့် အခြေအနေမျိုးတွင် တရုတ် စီးပွားရေး တိုးတက်နှုန်းမှာ ၆့၉ရာခိုင်နှုန်း ရှိကြောင်း သို့သော် နိုင်ငံခြား မီဒီယာများက တရုတ် စီးပွားရေး အပေါ် အဆိုးမြင်ကြောင်း၊ အချို့က တရုတ် စီးပွားရေးသည် တရှိန်ထိုး ကျဆင်းမည်ဟုတောင် ယူဆကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။
အစိုးရ လုပ်ငန်း အစီရင်ခံစာတွင် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်တွင် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးသည် အခက်အခဲနှင့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသော်လည်း စီးပွားရေးနှင့် လူမှုရေးသည် ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ပြီး တစ်နှစ်ပတ်လုံး ၏အဓိက ရည်မှန်းချက်ကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ ယမန်နှစ် တရုတ်ပြည်၏ ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း ပမာဏမှာ တရုတ် ယွမ်ငွေ ဘီလီယံ ၆့၇၇သောင်း ရှိပြီး တိုးတက်နှုန်း ၆့၉ရာခိုင်နှုန်း ရှိကြောင်း၊ လွန်ခဲ့သော ၅နှစ် စီမံကိန်း ကာလ ၁၂ခု အတွင်း တရုတ်ပြည်၏ သီးနှံအထွက်နှုန်းသည် ဆက်တိုက် တိုးလာပြီး အသင့်အတင့် နိမ့်သည့် စားသုံးသူ ဈေးနှုန်း တိုးနှုန်းကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ ဒါ့အပြင်၊ ဖွဲ့စည်းပုံ ထိန်းညိရေး လုပ်ငန်းတွင် တိုးတက်မှုလည်း ရရှိခဲ့ကြောင်း၊ ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း ပမာဏတွင် ဝန်ဆောင်မှု ပမာဏရဲ့ အချိုးအစားသည် ၅၀့၅ရာခိုင်နှုန်း အထိ တိုးလာခဲ့ကြောင်း၊ ပြည်သူများ၏ နေထိုင်မှုဘဝသည် တစ်ဆင့်တိုး ကောင်းမွန်လာပြီး တစ်ဦးချင်း ပျမ်းမျှဝင်ငွေ တိုးနှုန်းသည် ၇့၎ရာခိုင်နှုန်း ရှိကာ စီးပွားရေး တိုးနှုန်းထက် ပိုမြင့်ကြောင်း ရေးသားဖော်ပြ သည်။
ယမန်နှစ်က တရုတ် စီးပွားရေး တိုးတက်မှု ပမာဏသည် ကမ္ဘာပေါ်တွင် အများဆုံး ဖြစ်ပြီး ကမ္ဘာ့ စီးပွားရေး အတွက် အကြီးဆုံး တွန်းအား ဖြစ်မြဲဖြစ်နေကြောင်း၊ တရုတ် စီးပွားရေး တိုးနှုန်း ကျဆင်းခဲ့သော်လည်း တိုးတက်မှု ပမာဏ လျော့နည်းခြင်း မရှိကြောင်း၊ တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရည်အသွေး ကောင်းမွန်လာပြီး ပြည်သူများသည် ပိုမို ကြီးမားသည့် အကျိုးစီးပွားများ ရရှိနိုင်ကြောင်း၊ ပကတိအတိုင်း ခြုံငုံကြည့်လျှင် လက်ရှိ တရုတ် စီးပွားရေးနှင့် ရှေ့အလားအလာ အပေါ် အကောင်းဘက်မှ မြင်နိုင်ကြောင်း၊ တရုတ် စီးပွားရေး အပေါ် ပကတိအတိုင်း ရှုမြင်ခြင်းသည် မှန်ကန်သော ရင်ဆိုင်ရေး ဆောင်ရွက် ချက်ချမှတ်ပြုလုပ်ရန် အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း၊ သို့သော် တရုတ်စီးပွားရေးတွင် အားနည်းချက်များ ရှိနေသေးကြောင်း၊ အဓိက အားနည်းချက် ၂ခု ရှီကြောင်း၊ တစ်ခုက ဖွံ့ဖြိုးတိုးတက်ရေး ပြဿနာဖြစ်ကြောင်း၊ နောက်တစ်ခု ကတော့ ပြုပြင်ပြောင်းလဲရေး ပြဿနာ ဖြစ်ကြောင်း၊ ယခုအချိန်တွင် လူအများ အာရုံအစိုက်ဆုံး အချက်သည် ဖြန့်ဖြူးရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးပင် ဖြစ်ကြောင်း၊ ဖြန့်ဖြူးရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ရေးသည် အဓိကအားဖြင့် အစိုးရ၏ အလုပ်တာဝန် ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဖြစ်ပြီး စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလည်း ဖြစ်ကြောင်း၊ ထို့အပြင်၊ တရုတ် စီးပွားရေးတွင် တီထွင်ဆန်းသစ်မှု ဆိုင်ရာ အားသာချက်လည်း ရှိကြောင်း၊ တီထွင်ဆန်းသစ်မှုသည် ဖြန့်ဖြူးရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အတွက် အလွန် အရေးကြီးကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။