• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အစိုးရ လုပ်ငန်း အစီရင်ခံစာတွင် တရုတ် ဝိသေသ ထူးခြားချက်ပါ နိုင်ငံကြီး သံတမန်ရေး ကြံဆချက် ပထမဆုံး အကြိမ် ထည့်သွင်းရေးသား

(GMT+08:00) 2016-03-14 18:12:16

ယခုနှစ် တရုတ် အစိုးရ လုပ်ငန်း အစီရင်ခံစာတွင် မိမိတို့သည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အတူအောင်မြင်မှုများ ရရှိရေးမူများကို စွဲကိုင်ပြီး တရုတ် ဝိသေသ ထူးခြားချက်ပါ နိုင်ငံကြီး သံတမန်ရေး ကြံဆချက်ကို လက်တွေ့ ဆောင်ရွက်ကာ တရုတ်ပြည်၏ အချုပ်အခြာ အာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုး စီးပွားများကို ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ ယင်းသည် "တရုတ် ဝိသေသ ထူးခြားချက်ပါ နိုင်ငံကြီး သံတမန်ရေး ကြံဆချက်"ကို ပထမဆုံး အကြိမ် အဖြစ် အစိုးရ လုပ်ငန်း အစီရင်ခံစာတွင် ထည့်သွင်းရေးသားထားခြင်း ဖြစ်သည့် အတွက် လူအများသည် ယင်းအပေါ် အလွန် အာရုံစိုက်ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

"တရုတ် ဝိသေသ ထူးခြားချက်ပါ နိုင်ငံကြီး သံတမန်ရေး ကြံဆချက်"၏ ရည်မှန်းချက် မှာ အမျိုးသား ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး "တရုတ်အိပ်မက်"ကို တွန်းအားပေးရန်နှင့် လူသာ ကံကြမ္မာ အသိုက်အဝန်းကို တည်ဆောက်ရန် ဖြစ်ကြောင်း၊ မဟာဗျူဟာ ရွေးချယ်ခြင်းမှာ ကိုယ့်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို စွဲကိုင်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် ဖြစ်ကြောင်း၊ အခြေခံမူများမှာ ပူးပေါင်းဆောင်ရွက် ရေးနှင့် အတူအောင်မြင်မှုများ ရရှိရေး စွဲကိုင်ပြီး ပူးပေါင်းဆောင်ရွက်ရေးနှင့် အတူ အောင်မြင်မှုများ ရရှိရေးကို အမြုတေ အဖြစ်ထားသည့် နိုင်ငံတကာ ဆက်ဆံမှုသစ်ကို တည်ဆောက်ရန် ဖြစ်ကြောင်း၊ အဓိက နည်းလမ်းများမှာ မိတ်ဖက် ဆက်ဆံမှု မျိုးစုံကို ထားရှိရန်၊ မိတ်ဖက်ခြင်းနှင့် ဘက်မလိုက်ခြင်းကို တိုက်တွန်းအားပေးရန်၊ ဆွေးနွေးမှု ပြုရန်နှင့် ထိပ်တိုက်ရင်ဆိုင်မှု မပြုရန် ဖြစ်ကြောင်း၊ တန်ဖိုးအမြင်မှာ တရားမျှတမှုနှင့် အကျိုး စီးပွားဆိုင်ရာ မှန်ကန်သော အမြင်ကို စွဲကိုင်ရန် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြည်တွင်းပြည်ပ သတင်းထောက်များအား ပြောကြားသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ကျော် အတွင်း တရုတ် စီးပွားရေးသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး ၂၀၁၀ပြည့်နှစ်က တရုတ်ပြည်သည် ကမ္ဘာပေါ်က ဒုတိယ အကြီးဆုံး စီးပွားရေးအုပ်စု ဖြစ်လာသည်။ တရုတ်ပြည်သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ ဖြစ်ပြီး နိုင်ငံတကာ သြဇာသက်ရောက်မှု များစွာ ရှိသည်။ နိုင်ငံတကာ မိသာစုကြီးသည် တရုတ်ပြည် ပိုမိုများပြားသည့် အခန်းကဏ္ဍမှနေ ပါဝင်ဆောင် ရွက်ရန် မျှော်လင့်သည်။ ယခုအချိန် "တရုတ် ဝိသေသ ထူးခြားချက်ပါ နိုင်ငံကြီး သံတမန်ရေး ကြံဆချက်"ကို တင်ပြခြင်းမှာ နိုင်ငံတကာ ရေးရာများ အပေါ် လက်ညှိုး တထိုးထိုး ဖြစ်ရန် မဟုတ်ဘဲ နိုင်ငံကြီး တစ်နိုင်ငံ၏ တာဝန်သိမှု သဘောထားကို ဖော်ပြရန် ဖြစ်ကြောင်း အကဲခတ်များက ယူဆကြသည်။

တရုတ် ဝိသေသ ထူးခြားချက်ပါ နိုင်ငံကြီး သံတမန်ရေး ကြံဆချက်ဟူသည်မှာ နိုင်ငံကြီးများနှင့်သာ သံတမန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်စေရန်ပင် မဟုတ်ကြောင်း၊ ၄င်း ကြံဆချက်၏ အမြုတေ အခြေခံမူများတွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေးနှင့် အတူ အောင်မြင်မှုများ ရရှိရေး ပါဝင်ပြီး အဓိက အချက်အလက်များမှာ နိုင်ငံတော် အချုပ်အခြာ အာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်ရန်၊ အများတကာ အရုံစိုက်ကြသည့် နိုင်ငံတကာ ပြဿနာများကို အပြုသဘောဆောင်စွာဖြင့် ပါဝင်ဖြေရှင်းရန်နှင့် ပြည်ပတွင် တရုတ်ပြည်၏ အကျိုးစီးပွား များ ထိန်းသိမ်းကာကွယ်နိုင်စွမ်း တည်ဆောက်မှုကို အရှိန်မြှင့် ဆောင်ရွက်ပြီး ပြည်ပရောက် တရုတ် နိုင်ငံသားနှင့် ကုမ္ပဏီများ၏ လုံခြုံမှုကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်ရန် ဖြစ်ကြောင်း အကဲခတ်များက ယူဆကြသည်။

   Webradio