• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

CPPCC နှစ်ပတ်လည် အစည်းအဝေး စတုတ္ထ အကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

(GMT+08:00) 2016-03-13 14:57:40

၁၂ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး၏ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ၁၂ရက်နေ့ ညနေပိုင်းက ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ယီကျင့်ရှင်းသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း၊ အဖွဲ့ဝင် ၁၅ဦးတို့သည် နိုင်ငံရေး တည်ဆောက်ခြင်း၊ တပေါင်းတစည်းတည်းဖြစ်ရေးနှင့် နိုင်ငံရေး အတိုင်ပင်ခံ လုပ်ငန်းများနှင့် ပတ်သက်၍ ထင်မြင်ယူဆချက်နှင့် အကြံပြုချက်များကို ပြောကြား ခဲ့ကြောင်း သိရသည်။

   Webradio