• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

NPC နှစ်ပတ်လည် အစည်းအဝေး ပထမ အကြိမ် သဘာပတိ အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်များ အစည်းအဝေး ကျင်းပ

(GMT+08:00) 2016-03-13 14:56:14

၁၂ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထ အကြိမ် အစည်းအဝေး၏ ပထမ အကြိမ် သဘာပတိ အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်များ အစည်းအဝေးကို ၁၂ရက်နေ့ ညနေပိုင်းက ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပခဲ့ကြောင်း၊ ၁၂ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထ အကြိမ် အစည်းအဝေး သဘာပတိအဖွဲ့ အမြဲတမ်း သဘာပတိ၊ တရုတ်ပြည်လုံး ဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျန်းတယ်ကျန်းသည် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းအစည်းအဝေးတွင် အစိုးရ လုပ်ငန်း အစီရင်းခံစာနှင့် ပတ်သက်၍ ၁၂ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထ အကြိမ် အစည်းအဝေး အတွင်းရေးမှူး ဌာန၏ စိစစ်မှုနှင့် ပြင်ဆင်ရေး အကြောင်း၊ အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ၁၃ကြိမ်မြောက် ၅နှစ် စီမံကိန်း အကျဉ်းချုပ် မူကြမ်း၊ ၂၀၁၅ခုနှစ် အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ကျင့်သုံးဆောင်ရွက်မှု အခြေအနေ၊ ၂၀၁၆ခုနှစ် အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း မူကြမ်းနှင့် ပတ်သက်၍ NPCဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မရှင်၏ စိစစ်မှု ရလဒ် အစီရင်ခံစာများနှင့် အခြား ဥပဒေမူကြမ်းနှင့် ဆုံးဖြတ်ချက် မူကြမ်းများနှင့်ပတ်သက်၍ စိစစ်မှု ရလဒ်များကို  ကြားနာခဲ့ကြောင်း သိရသည်။

   Webradio