• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ချင်းဟိုင်ပြည်နယ်ကိုယ်စားလှယ်အဖွဲ့စိစစ်ပွဲတွင် ရှီကျင့်ဖိန်ပါဝင်

(GMT+08:00) 2016-03-11 14:53:42

   ၁၀ရက်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ချင်းဟိုင်ပြည်နယ် ကိုယ်စားလှယ်အဖွဲ့စိစစ်ပွဲတွင် ပါဝင်ခဲ့သည်။ ၂နာရီခွဲကြာအချိန်အတွင်း ယန်စီမြစ်၊ မြစ်ဝါမြစ်၊လန်ချန်မြစ် မြစ်ဖျားခံရာဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေး၊ တိရိစ္ဆာန်မွေးမြူရေး သမားများနေရာချထားရေး၊ပြည်သူများရောဂါကုသရေးပြဿနာကနေ ခေါက်ဆွဲစီးပွားရေး၊ ဆင်းရဲမွဲတေမှုပပျောက်စေရေးတို့အထိ ချင်းဟိုင်ပြည်နယ်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

တိဗက်လူမျိုးကိုယ်စားလှယ်၊ ဟွမ်နန်တိဗက်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲ ပြည်သူ့ဆေးရုံမီးယပ်သားဖွားအထူးကုဌာနမှဆရာဝန်ညဏ်မောင်ရှယ်က စကားပြောကြား ရာတွင် ရှီကျင့်ဖိန်က အခြေခံပြည်သူကျန်းမာရေးနှင့်ပတ်သက်သောမေးခွန်းအမျိုးမျိုးကို မေးမြန်းခဲ့သည်။

အခု လယ်သမားတွေဟာ ကလေးမွေးရင် အားလုံး ဆေးရုံးကို သွားလားလို့ရှီကျင့်ဖိန် က မေးသည်။

အခု အားလုံး ဆေးရုံကို လာတယ်။နေတဲ့နေရာတော်တော်ဝေးတဲ့ကိုယ်ဝန်ဆောင် မိခင်ဆိုရင် ကြိုတင်လာပြီး အခန်းတစ်ခန်းငှါးတယ်။ကလေးမွေးပြီးမှ ပြန်တယ်လို့ပြန်ဖြေ သည်။

ရွာတိုင်း ဆေးရုံရှိတယ်နော်လို့ ရှီကျင့်ဖိန်ကမေးသည်။

ဟုတ်ပါတယ်။အခုအကုန်ရှိပါတယ်လို့ပြန်ဖြေတယ်။

ချင်းဟိုင်ပြည်နယ်ဟာ တော်တော်ကျယ်ဝန်းတယ်။ဒါဆို လယ်သမားတွေ ရောဂါသွား ကုရင် ဘယ်လိုလုပ်မလဲ။

ဆေးကုသရေးကားရှိတယ်။ခရိုင်နဲ့ကျေးရွာတွေမှာ ကင်းလှည့်ဆေးကုကားရှိတယ်လို့ ပြန်ဖြေသည်။

ခေါက်ဆွဲကို ပြောမည်ဆိုလျှင် လူအတော်များများက လန်ကျိုးခေါက်ဆွဲကို သတိရမိတတ်သည်။လန်ကျိုးခေါက်ဆွဲဆိုင်သည် ပီကင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး စသည့်မြို့ကြီးရှိ အလုပ် လုပ်သူများအတွက် ထမင်းစားလျှင် ဦးစားပေးရွေးချယ်ရာ နေရာတစ်ခုဖြစ်သည်။ သို့သော်၊ ၂၀၁၂ခုနှစ်မရောက်ခင် တရုတ်နေရာအနှံ့တွင် ဖွင့်ထားသော လန်ကျိုးခေါက်ဆွဲဆိုင်သည် ချင်းဟိုင်လူမျိုးဖွင့်ထားခြင်းဖြစ်သည်။အခု ချင်းဟိုင် လူမျိုး၁သိန်း၈သောင်းခန့်သည် တရုတ် ဒေသအရပ်ရပ်တွင် ခေါက်ဆွဲဆိုင်ဖွင့်ပြီး အသက်မွေးဝမ်းကျောင်းနေသည်။ဒါကြောင့် ခေါက်ဆွဲစီးပွားရေးဟုခေါ်သည်။

   Webradio