• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Wednesday  Jun 11th   2025   

OROB မဟာဗျူဟာကို အနောက်နိုင်ငံများ အထင်လွဲမှားမှု၏ အကြောင်းရင်း

(GMT+08:00) 2016-03-11 10:30:04

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရလုပ်ငန်း အစီရင်ခံစာတွင် OROB တည်ထောင်မှု လုပ်ငန်းကို ထိရောက်စွာ တွန်းအားပေးရမည် ဖြစ်ပြီး OROB ကို ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး ပေါင်းကူးတံတား၊ အကျိုးတူ စည်ပင်သာယာရေး လမ်းကြောင်း ဖြစ်စေရမည်ဟု ဖေါ်ပြထားသည်။ သို့သော် အနောက်မီဒီယာများသည် တရုတ်ပြည်၏ OROB ကြံဆချက်အပေါ် အထင်လွဲမှားမှုနှင့် မယုံဖွယ်ရာ ရှိသေး သဖြင့် OROB သည် သယံဇာတ အရင်းအမြစ်ကို လုယူခြင်း ဖြစ်ပြီး အဓိကအားဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအား ရည်စူးခြင်း ဖြစ်သည်ဟုလည်း ဝါဒဖြန့်ကြသည်။

OROB ဟူသည်မှာ ပိုးလမ်းမကြီး စီးပွါးရေးစင်္ကြန်နှင့် ၂၁ ရာစု ပင်လယ် ပိုးလမ်းမကြီး ၏ အတိုကောက် ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း၊ OROB တည်ထောင်ရေး ရည်မှန်းချက်နှင့် အရင်းအမြစ်ကို သုံးသပ်ပါက၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကာဇတ်စတန်နိုင်ငံ၌ ခရီးလှည့်လည်ခဲ့စဉ် ဥရောပနှင့် အာရှ နိုင်ငံများ စီးပွါးရေး ဆက်နွှယ်မှု ပိုမို ရင်းနှီးလာစေရန်၊ ပူးပေါင်းဆောင်ရွက်မှု ပိုမို နက်ရှိုင်းစေရန်နှင့် ဖွံ့ဖြိုးမှု အလားအလာ ပိုမို ကျယ်ပြန့်လာစေရန်အတွက် ပိုးလမ်းမကြီး စီးပွါးရေးစင်္ကြန်ကို လက်တွဲ တည်ထောင် နိုင်သည်ဟု တင်ပြခဲ့သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလက အာဆီယံ ခရီးစဉ် အတွင်း ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် အာဆီယံနှင့် ပင်လယ်ရေးရာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု တိုးတက်စေရန်အတွက် အာဆီယံနိုင်ငံများနှင့် ၂၁ ရာစု ပင်လယ် ပိုးလမ်းမကြီးကို လက်တွဲ တည်ထောင်လိုသည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။ OROB မဟာဗျူဟာကို တွန်းအားပေးရန်အတွက် တရုတ်နိုင်ငံသည် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ်နှင့် ပိုးလမ်းမကြီး ရန်ပုံငွေအဖွဲ့ကို ရှေ့ဆောင် ထူထောင်ပြီး OROB တလျှောက်မှ နိုင်ငံများ၏ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေးအတွက် ငွေကြေး ထောက်ခံမှု ဖန်တီး၍ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးနေသည်။

အမေရိကန် အပါအဝင် အနောက်နိုင်ငံအချို့က OROB ကြံဆချက်သည် တရုတ်ပုံစံ မာရှယ် စီမံကိန်း ဖြစ်သည်ဟု ပြစ်တင် ဝေဖန်ကြသည်။ ချွင်းချက် ပါမပါသည် OROB နှင့် မာရှယ် စီမံကိန်း အကြား အကြီးဆုံးသော ကွာခြားချက်ပင် ဖြစ်သည်။ OROB သည် ချွင်းချက် တစုံတရာ ပါရှိခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်း ဖြစ်သည်။ တရုတ်ပြည်သည် ကမ်းလှမ်းချက် တစ်ရပ် တင်ပြပြီး စီးပွါးရေးအုပ်စုများ အတူတူ တိုင်ပင် ဆွေးနွေးခြင်း ဖြစ်သည်။ မာရှယ် စီမံကိန်းမူ ချွင်းချက် ပါထားသည် ဖြစ်ပြီး ဆိုရှယ်လစ်နိုင်ငံများ  ထောက်ပံ့ကူညီမှု ရရှိလိုလျှင် ဆိုရှယ်လစ်ဝါဒကို စွန့်ပစ်ရသည်ဟု သတ်မှတ်ခဲ့သည်။

အချို့နိုင်ငံက OROB ကြံဆချက်၏ ရည်ရွယ်ချက်သည် ဒေသခံ သယံဇာတ အရင်းအမြစ်ကို လုယူရန် ဖြစ်သည်ဟု စိုးရိမ်းနေကြသည်။ တရုတ်နိုင်ငံသည် လုယက်သည့်ပုံစံဖြင့် ဖွံ့ဖြိုးခြင်းကို မည်သည့်အချိန်ကမဆို ပြုလုပ်ခြင်း မရှိသလို နောင်တွင်လည်း ပြုလုပ်မည် မဟုတ်ပေ။ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ လုပ်ငန်းရှင်များသည် ပြည်ပသို့ သွားရောက်ပြီး ရည်ရွယ်ချက်မှာ ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းကို ရှာကြံဖို့ပင် ဖြစ်သည်။ ငြမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ယနေ့ခေတ်တွင် ခေတ်နှင့်အညီ ဆောင်ရွက်မှသာ စီးပွါးရေး ပိုမို ကောင်းမွန်စွာ တိုးတက်နိုင်မည်။ တချိန်တည်းတွင် အိမ်နီးနားချင်းများလည်း ဖွံ့ဖြိုးလာလျှင် တရုတ်ပြည်၏ ဖွံ့ဖြိုးမှုသည် ပိုမို ခိုင်မာ တည်ငြိမ်နိုင်မည်ဟု ကျွမ်းကျင်ပညာရှင်များက သုံးသပ်ကြသည်။

OROB ကြံဆချက်သည် တရုတ်ပြည် ကဏ္ဍစုံ တံခါးဖွင့်ရေး အခြေအနေ ဖြစ်တည် စေရေးနှင့် သက်ညာထောက်ထားပြီး အပြန်အလှန် အကျိုးရှိစေရေး ပလက်ဖေါင်း ထူထောင်ရေး အတွက် အကျိုးပြုနိုင်မည်။ OROB အပေါ် အထင်လွဲမှားမှုသည် နိုင်ငံ အနည်းစုမှ မီဒီယာ အနည်းစုတို့၏ တဖက်သတ် ဆောင်ရွက်မှုသာ ဖြစ်ပြီး နိုင်ငံ အများစုသည် OROB မဟာဗျူဟာအပေါ် အကောင်းဖက်မှ ရှုမြင်လိုကြသည်ဟု ကျွမ်းကျင်ပညာရှင်များက ယူဆကြသည်။

no comments !
   Webradio