• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ပထမဦးဆုံး ပရဟိတ ဥပဒေ ထုတ်ပြန်မည်

(GMT+08:00) 2016-03-10 12:23:40

ယခုလ ၉ ရက်နေ့ ညနေပိုင်းက ၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေး၏ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြီး တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုဥက္ကဋ္ဌ လီကျန့်ကို၏ ပရဟိတ ဥပဒေမူကြမ်းဆိုင်ရာ ရှင်းလင်းပြောကြားချက်ကို ကြားနာ ခဲ့ကြောင်း တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှ သတင်းအရ သိရပါသည်။

တရုတ် အမျိုးသား ပရဟိတ အသင်းချုပ်ကို ၁၉၉၄ ခုနှစ်က ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တရုတ်ပြည် လူမှုရေးလုပ်ငန်း အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်ပြည် အရပ်ဘက် အလှူငွေ ပမာဏမှာ ၂၀၀၆ ခုနှစ်က ယွမ် ဘီလီယံ ၁၀၀ နီးပါးခန့်သာ ရှိသည်မှနေ၍ ယခု ယွမ် ဘီလီယံ ၁၀၀ အထိ တိုးများ လာကြောင်း၊ လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်ကတည်းကပင် တရုတ် ပြည်သူ့ရေးရာ ဝန်ကြီးဌာနသည် ပရဟိတ ဥပဒေ ပြုရေးဆိုင်ရာ ကြိုးပမ်းမှုများ စတင်ပြုလုပ်ခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် သောင်တင်ခဲ့ရကြောင်း၊ လွန်ခဲ့သည့်နှစ် ဒုတိယ နှစ်ဝက်ပိုင်းကစပြီး ပရဟိတ ဥပဒေ ပြုရေး လုပ်ငန်းကို တွန်းအားပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ပရဟိတ ဥပဒေ မူကြမ်းတွင် အခန်း ၁၂ ခန်း ပါဝင်ပြီး ပုဒ်မ ၁၁၂ ခု ရှိကြောင်း သတင်း ရရှိပါသည်။

   Webradio