• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုန်ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ခြင်းသည် OROB နိုင်ငံများ အကျိုးခံစားစေနိုင်

(GMT+08:00) 2016-03-09 15:45:34
OROB နိုင်ငံများတည်ထောင်ခြင်းနှင့် နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ခြင်းတို့သည် တရုတ်ပြည် စီးပွါးရေး တိုးတက်မှုနှင့် နိုင်ငံခြား ပူးပေါင်း ဆောင်ရွက်မှုအတွက် အသွင်ပုံစံသစ်ကို ဖန်တီးပေးသည့် တချိန်တည်းတွင် တရုတ်နှင့် OROB နိုင်ငံများ အပြန်အလှန် အကျိုးခံစားစေနိုင်မည် ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက သုံးသပ်ကြသည်။

တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဥက္ကဋ္ဌ ရွှီရှောက်ရှီက၊ လက်ရှိ အချိန်တွင် တရုတ်နှင့် နိုင်ငံ အသီးသီးတို့အကြား ကုန်ထုတ်လုပ်မှု နယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှုများကို ချောမောစွာ ပြုလုပ်နေပြီး ငွေကြေးနယ်ပယ်မှ ထောက်ပံ့မှုကိုလည်း အားဖြည့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio