• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ခေါင်းဆောင်များ NPCအစည်းအဝေးတက်ရောက်နေသည့် ကိုယ်စားလှယ်အဖွဲ့များ နှင့်အတူ အစိုးရလုပ်ငန်းအစီရင်ခံစာ စစ်ဆေး

(GMT+08:00) 2016-03-09 14:44:18

     ရှီကျင့်ဖိန်၊ လီခေ့ချန်၊ ကျန်းတယ်ကျန်း၊ ယွီကျင့်ရှိန်း၊ လျူယွင်ဆန်း၊ ဝမ်ချီဆန်းနှင့် ကျန်းကောလိအပါအဝင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်များသည်၊ ၈ ရက်နေ့ နံနက်ပိုင်းက NPC အစည်းအဝေးတက်ရောက်နေသည့် ကိုယ်စားလှယ်အဖွဲ့များ နှင့်အတူ အစိုးရလုပ်ငန်းအစီရင်ခံစာကို စစ်ဆေးခဲ့ကြကြောင်း ဆင်ဟွာသတင်းအရသိရ သည်။

မတ်လ ၈ ရက်နေ့သည်၊နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်သည်။ ဟူနန်ကိုယ်စားလှယ် အဖွဲ့နှင့်အတူ အစိုးရလုပ်ငန်းအစီရင်ခံစာကို စစ်ဆေးခဲ့ရာ၌၊ တရုတ်ကွန်မြူနစ် ပါတီဗဟို ကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနှင့်နိုင်ငံတော်ကောင်စီတို့၏ကိုယ်စား အမျိုးသမီးကိုယ်စားလှယ်များ အမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးဝန်ထမ်းများနှင့် တပြည်လုံးမှ အမျိုးသမီးများအား၊ ပွဲတော်နေ့နှုတ်ခွန်းဆက်သခဲ့ကြောင်းသိရသည်။

   Webradio