• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သီးထွက်ပမာဏ ဆက်တိုက် တိုးပွားစေရန် ရှာကြံမည် မဟုတ်ဟု တရုတ်ဆို

(GMT+08:00) 2016-03-09 14:21:27

တရုတ် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဟန်ချန်ဖူက ၇ရက်နေ့က NPCနှင့် CPPCC နှစ်ပတ်လည် အစည်းအဝေး၏ သတင်းစာ ရှင်းလင်းပွဲတွင် ၁၃ကြိမ်မြောက် ၅နှစ် စီမံကိန်း ကာလ အတွင်း တရုတ်ပြည်သည် သီးနှံထွက် ပမာဏ ဆက်တိုက် တိုးပွားစေရန် ရှာကြံမည် မဟုတ်ဘဲ သီးနှံထွက်နိုင်စွမ်းကို တစ်ဆင့်တိုး ခိုင်မာတိုးမြင့်စေရန် ဆောင်ရွက် မည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းသည် တရုတ်ပြည် အနေနှင့် သီးထွက် ပမာဏ ဆက်တိုက် တိုးပွားစေရန် ရှာကြံမည် မဟုတ်ကြောင်း ပထမဆုံးအကြိမ် ဖော်ပြခြင်း ဖြစ်သည်ဟု စီအာအိုင် သတင်းအရ သိရသည်။

ဝန်ကြီး ဟန်ချန်ဖူက တရုတ်ပြည်သည် လွန်ခဲ့သည့် ၅နှစ်စီမံကိန်းကာလ ၁၂ခုအတွင်း သီးထွက်နှုန်း ဆက်တိုက် တိုးပွားခြင်းကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ ၁၃ကြိမ်မြောက် ၅နှစ်စီမံကိန်းကာလ အတွင်း သီးထွက်ပမာဏ ဆက်တိုက် တိုးပွားစေရန် ရှာကြံမည် မဟုတ်ကြောင်း ပြောကြားသည်။

သို့သော် ၄င်းက သီးနှံထွက်နိုင်စွမ်း တည်ဆောက်မှုကို ဆက်လက် အားဖြည့်ဆောင် ရွက်မည် ဖြစ်ကြောင်း၊ ၁၃ကြိမ်မြောက် ၅နှစ် စီမံကိန်းကာလ အတွင်း ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ စားနပ်ရိက္ခာအထွက် ဆိုင်ရာ လမ်းစဉ်သည် ရှင်းလင်းပြတ်သားကြောင်း၊ ၄င်းလမ်းစဉ်မှာ သီးနှံထွက်နိုင်စွမ်းကို တစ်ဆင့်တိုး ခိုင်မာတိုးမြင့်စေရန် ဖြစ်ကြောင်း ပြောကြားသည်။

လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန ကျေးလက် စီးပွားရေး သုတေသန ဌာန သုတေသီ

ကျန်းကျောက်ရှင်းက ယခင်က သီးထွက်နှုန်း တိုးပွားစေရန် တဖက်သတ် ရှာကြံခြင်းသည် လိုအပ်မှုနှင့် ထောက်ပံ့မှု ညီမျှခြင်းကို ဖျက်ဆီးပြီး သဘာဝပတ်ဝန်းကျင် အပေါ်လည်း ဆိုးကျိုးများ ဖြစ်စေခဲ့ကြောင်း၊ ယင်းသည် ယခု သီးထွက်နိုင်စွမ်း အပေါ် ပိုပြီး အလေးထား လာသည့် အဓိက အကြောင်းရင်းပင် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio