• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံကို ဦးစားပေးမိတ်ဖက်အဖြစ် ထားရန် တရုတ်ဆန္ဒရှိ

(GMT+08:00) 2016-03-08 14:13:57

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က၊ ယခုနှစ်သည် တရုတ်နှင့်အာဆီယံအကြား ဆွေးနွေးရေးဆက်ဆံမှုထားရှိခဲ့သည့် ၂၅-နှစပြည့်မြောက်နှစ်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၂၅-နှစ်အတွင်း တရုတ်-အာဆီယံဆက်ဆံမှုသည် အခက်အခဲများကိုကျော်လွှားခဲ့ကြောင်း၊ လက်ရှိအချိန်တွင် တရုတ်-အာဆီယံဆက်ဆံမှုသည် အစပျိုးလိုက်ခြင်းသစ်၌ တည်ရှိနေ ကြောင်း၊ မိမိတို့အနေဖြင့် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြခဲ့သော ခင်မင်ရင်းနှီးမှု၊ ရိုးသားဖြူစင်မှု၊ အကျိုးစီးပွားမျှဝေခံစားစေမှု၊ သက်ညာထောက်ထားမှုဟူသော နိုင်ငံခြားရေးသဘော ခံယူချက်ကို တစ်ဆင့်တိုးလက်တွေ့အကောင်အထည်ဖော်ပြီး ပိုမိုနွေးထွေးသော တရုတ်- အာဆီယံကံကြမ္မာအသိုက်အဝန်းကို ထူထောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီး ဝမ်ယိ က၊ မိမိတို့အနေနှင့် အာဆီယံကို လွတ်လပ်သော နိုင်ငံခြားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ဦးစားပေးမိတ်ဖက်အဖြစ် ထားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ယနေ့၈-ရက်နေ့တွင် ကျင်းပခဲ့သည့် ၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေး၌ ၄င်းက ထိုသို့ပြောကြားခြင်းဖြစ်ပါသည်။

 

   Webradio