![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက၊ မိမိတို့သည် တရုတ်-မြန်မာ ဆက်ဆံမှု၏ အနာဂတ်ရေးအပေါ် ယုံကြည်စိတ် အပြည့်အဝ ရှိသလို မြန်မာနိုင်ငံ၏ အနာဂတ်ရေး အပေါ်လည်း ယုံကြည်စိတ် အပြည့် ရှိပါကြောင်း ဂ ရက်နေ့က ပီကင်း၌ ပြောကြား ခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။
၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထ အကြိမ် အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြား ရာတွင် ဝမ်ယိက၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်း ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် တရုတ်ပြည်နှင့် ချစ်ကြည်ရေး ကူးလူးဖလှယ်မှု တလျှောက်လုံး ရှိပြီး အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုမှာ အဆက်မပြတ် တိုးမြင့်လာကြောင်း ပြောကြား ခဲ့သည်။