• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ဂျီဒီပီ တိုးတက်နှုန်း ၆့ ၅ မှ ၇ ရာခိုင်နှုန်းအထိ ရှိစေရန် တရုတ် သတ်မှတ်

(GMT+08:00) 2016-03-08 10:49:44
တရုတ် ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရလုပ်ငန်း အစီရင်ခံစာတွင် ယခုနှစ် တရုတ်ပြည် ဂျီဒီပီ တိုးတက်နှုန်းကို ၆့ ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ ရှိစေရန် တင်ပြ ခဲ့ကြောင်း၊ ယင်းသည် တရုတ်အစိုးရက ပထမဆုံးအကြိမ်အဖြစ် ဂျီဒီပီ တိုးတက်နှုန်းကို “မှ၊ အထိ” ဖြစ်သော ကြားနေ ပုံစံဖြင့် သတ်မှတ်ခြင်း ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန၏ ဆောင်းပါး တစ်ပုဒ်တွင် ရေးသားထားသည်။ ကျွမ်းကျင်ပညာရှင်များက၊ ဤကဲ့သို့ ကြားနေပုံစံဖြင့် သတ်မှတ်သော ရည်မှန်းချက်သည် စီးပွါးရေး ဥပဒေသနှင့် ပိုမို ကိုက်ညီကြောင်း၊ ၂၀၁၅ ခုနှစ်တွင် စီးပွါးရေး စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၁ သောင်းကျော် ဖြစ်သည့် အတိုင်းအတာ ကြီးမားသော အခြေခံပေါ်တွင် တရုတ်ပြည် စီးပွါးရေးမှာ ၆့  ၉ ရာခိုင်နှုန်း ဖြစ်သည့် အသင့်အတင့် မြန်ဆန်သော တိုးတက်နှုန်းကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ လက်ရှိ အချိန်တွင် တရုတ်ပြည် ဂျီဒီပီမှာ ၁ ရာခိုင်နှုန်း တိုးတက်လျင် လွန်ခဲ့သည့် ၁၀ နှစ်တုန်းက ၂့ ၆ ရာခိုင်နှုန်း တိုးတက်မှု ပမာဏနှင့် တူညီကြောင်း၊ တစ်နှစ်အတွင်း တိုးတက်မှု ပမာဏမှာ ဒေါ်လာ ဘီလီယံ ၅၀၀ ကျော်လျှင် ဝင်ငွေ အလယ်အလတ် နိုင်ငံ တစ်နိုင်ငံ၏ စီးပွါးရေး စုစုပေါင်းပမာဏနှင့် တူညီကြောင်း၊ လွန်ခဲ့သည့်နှစ်တွင် တရုတ်ပြည် ဂျီဒီပီမှာ တစ်ကမ္ဘာလုံး စုစုပေါင်းပမာဏ၏ ၁၄ ရာခိုင်နှုန်းခန့် ရှိပြီး စီးပွါးရေး တိုးတက်မှု ပမာဏသည် တစ်ကမ္ဘာလုံး စုစုပေါင်းပမာဏ၏ ၂၅ ရာခိုင်နှုန်းခန့် ဖြစ်ကာ ကမ္ဘာ့စီးပွါးရေးကို ကြီးမားစွာ အကျိုးပြု စွမ်းဆောင်ပေးခဲ့ကြောင်း၊ ဂျီဒီပီ တိုးတက်နှုန်းကို ၆့ ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ ဖြစ်စေရန် သတ်မှတ်ခြင်းသည် ၂၀၂၀ ပြည့်နှစ်တွင် အသင့်အတင့် ချောင်လည်သော နေထိုင်မှုဘဝ ဘက်စုံ တည်ထောင်ရန် လိုအပ်ကြောင်းကို ထည့်သွင်း စဉ်းစားထားသည့် အပြင် စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရန် တရားနည်းလမ်းကျကြောင်းကိုလည်း ထည့်သွင်း စဉ်းစားထားကြောင်း သုံးသပ်ထားကြသည်။
   Webradio