• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ခေါင်းဆောင်များ NPCအစည်းအဝေးတက်ရောက်နေသည့် ကိုယ်စားလှယ်အဖွဲ့များ နှင့်အတူ အစိုးရလုပ်ငန်းအစီရင်ခံစာ စစ်ဆေး

(GMT+08:00) 2016-03-08 10:38:08

 

 

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ယမန်နေ့နံနက်ပိုင်းက ၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ်အစည်းအဝေး တက်ရောက်နေ သည့် ဟေလုံးကျန်းကိုယ်စားလှယ်အဖွဲ့နှင့်အတူ အစိုးရလုပ်ငန်းအစီရင်ခံစာကို စစ်ဆေးခဲ့ ပါသည်။

ဝမ်ရှန့်ခွေ၊ လုဟောက်နှင့် စွန်ပင်စသည့်ကိုယ်စားလှယ်များက၊ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပြောင်းလဲစေရေး၊ စားနပ်ရိက္ခာဈေးနှုန်းမူဝါဒ ပိုမိုကောင်းမွန်ပြည့်စုံစေရေး၊ တိုင်းရင်းသား လူမျိုးစုဆင်းရဲမှုပပျောက်စေရေးစသည်တို့နှင့်ပတ်သက်၍ ၄င်းတို့၏အမြင် များကို ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန် သည် လွန်ခဲ့သည့်၅-နှစ်အတွင်း ဟေလုံးကျန်း ပြည်နယ်၏ လုပ်ငန်းဆောင်ရွက်မှုကို ချီးကျူးခဲ့ပါသည်။ ရှီကျင့်ဖိန် က၊ အားသာချက်ကို အားဖြည့်ဖော်ထုတ်ပြီး အားနည်းချက်ကို ရှောင်ရှားရန်လိုကြောင်း၊ စီးပွားရေးတည်ဆောက် မှုကို အလေးထားဆောင်ရွက်ပြီး ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းသစ်ကို ရှာကြံ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ထိုနေ့တွင်ပင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန် သည် ဖူကျန့်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ ပြည်လုံး ဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျန်ဒယ်ကျန်း သည် အန်ဟွေ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ယူကျင့်ရှင်းသည်ထိုင်ဝမ်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ၊တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့အမြဲတမ်းအဖွဲ့ဝင်၊ဗဟိုအတွင်းရေးမှူးရုံးအတွင်းရေးမှူးလျူယွမ်ဆန်း သည် စိချွမ်းကိုယ်စားလှယ်အဖွဲ့နှင့်အတူ၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ ဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူး ဝမ်ချီးဆန်း သည် ဟိုပေကိုယ်စားလှယ်အဖွဲ့နှင့်အတူ၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဒုတိယဝန်ကြီးချုပ် ကျန်ကိုလိ သည် ကွမ်ရှီးကိုယ်စားလှယ်အဖွဲ့နှင့်အတူ အစိုးရလုပ်ငန်းအစီရင်ခံစာကို အသီးသီးစစ်ဆေး ခဲ့ပါသည်။

 

 

   Webradio