• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန် ဆန်းတုန်း ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အစိုးရလုပ်ငန်းအစီရင်ခံစာ စစ်ဆေး

(GMT+08:00) 2016-03-07 16:52:11

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန် သည် ၁၂-ကြိမြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ်အစည်းအဝေးသို့ တက်ရောက်နေသည့် ဆန်းတုန်း ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ယမန်နေ့၆-ရက်နေ့နံနက်ပိုင်းကအစိုးရလုပ်ငန်းအစီရင်ခံစာကို စစ်ဆေးခဲ့ပါသည်။

ကျန်ယိခန်း၊ ကိုစုချင်နှင့် ကျန်စူချင်းစသည့် ကိုယ်စားလှယ်များသည် ပြုပြင် ပြောင်းလဲမှုတီထွင်ဆန်းသစ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးဆိုင်ရာ သမာသမတ်ကျရေးစသည်တို့နှင့်ပတ်သက်၍ ၄င်းတို့၏ အမြင်များကို ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ် လီခေ့ချန် က၊ အစိုးရလုပ်ငန်းအစီရင်ခံစာတွင် လွန်ခဲ့သည့်တစ်နှစ် အတွင်းတရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးတွင် ရရှိခဲ့သော ကြီးမားသည့် အောင်မြင်မှုများကို ပေါင်းရုံးသုံးသပ် ပြီး အခက်အခဲကျော်လွှားကာ ယခုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ကို အကောင်အထည် ဖော်ရန် မိမိတို့၏ ယုံကြည်စိတ်ကို တိုးပွားစေကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ် လီခေ့ချန် က၊ ယခုနှစ်ရှုပ်ထွေးသော ပြည်တွင်းပြည်ပအခြေအနေ၊ အခက် အခဲ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရာတွင် မိမိတို့သည် စီးပွားရေးနှင့်လူမှုရေး ဆက်တိုက် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်စေနိုင်စွမ်းရှိကြောင်း၊ တွန်းအားဟောင်းမှ တွန်းအားသစ်အဖြစ် ပြောင်းလဲစေပြီး တရုတ်နိုင်ငံ၏ စီးပွားရေးကို ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

 

   Webradio