• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၃ခုမြောက် ၅နှစ်စီမံကိန်းကာလအတွင်း လယ်သမား၏ဝင်ငွေ နှစ်စဉ်ပျမ်းမျှ တိုးနှုန်း ၆.၅ ရာခိုင်နှုန်းရှိမည်

(GMT+08:00) 2016-03-07 16:30:45

တရုတ်ပြည်သည် ၁၃-ခုမြောက် ၅နှစ် စီမံကိန်းကာလအတွင်း လယ်သမားများ၏နှစ်စဉ်ဝင်ငွေတိုးနှုန်းမှာ ၆.၅ ရာခိုင်နှုန်းရှိရန် ကြိုးပမ်းဆောင်ရွက်မည်ဟု တရုတ်လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဟန်ကျန်ဖုက ၇-ရက်နေ့တွင် ပြောပါသည်။

၇-ရက်နေ့က ကျင်းပသော ၁၂-ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ထိုသို့ပြောကြားသွားခြင်းဖြစ်ပါသည်။ ဆက်လက်ပြီး ၄င်းက ၁၂-ခုမြောက် ၅-နှစ်စီမံကိန်းကာလအတွင်း လယ်သမားများ၏ ပျမ်းမျှဝင်ငွေတိုးနှုန်းမှာ ၉.၆ရာခိုင်းနှုန်းရှိကြောင်း၊ ၁၃ခုမြောက် ၅နှစ်စီမံကိန်းကာလအတွင်း လယ်သမားများ၏ ဝင်ငွေတိုးများစေရန်မှာ မလွယ်ကြောင်း ပြောပါသည်။

   Webradio