• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်စီးပွားရေးရည်မှန်းချက် နိုင်ငံတကာမီဒီယာများ ချီးကျူး

(GMT+08:00) 2016-03-07 13:46:12

      နိုင်ငံတကာစီးပွားရေးဖွံ့ဖြိုးမှုအားနည်းနေသေးသည့် အခြေအနေမျိုးတွင် တရုတ် အစိုးရသည်၊ ပြုပြင်ပြောင်းလဲမှုဇောက်ချပြုလုပ်ပြီး၊ စီးပွားရေးဖွံ့ဖြိုးမှုအခြေအနေသစ် နှင့် လိုက်လျော ညီထွေစေကာ စီးပွားရေးကို ခြေလှမ်းမှန်မှန်ဖြင့်တိုးတက်စေရန် အားဖြည့် ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနှင့် စပ်လျဉ်း၍  နိုင်ငံတကာမီဒီယာများသည်၊ အသီးသီး ချီးကျူးကြောင်း ဆင်ဟွာသတင်းဌာနကရေးသားဖော်ပြသည်။

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်က၊ မတ် လ ၅ ရက်နေ့က အစိုးရ လုပ်ငန်းအစီရင်ခံစာကို တင်သွင်းခဲ့ရာ၌၊ ၂၀၁၆ခုနှစ်တွင် တရုတ်စီးပွားရေးတိုးနှုန်းမှာ ၆့၅ မှ ရ ရာခိုင်နှုန်းအတွင်းရှိမည်ဟု ခန့်မှန်းရကြောင်း၊ ၁၃ ခုမြောက် ၅နှစ် စီမံကိန်းကာလ အတွင်း စီးပွားရေးနှစ်စဉ်ပျမ်းမျှတိုးနှုန်းကို  ၆့၅ရာခိုင်နှုန်းအထက် ထိန်းသိမ်းထားမည်ဖြစ် ကြောင်း ကြေညာခဲ့သည်ဟု သိရသည်။

   Webradio