• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ်တွင် တရုတ်ပြည်၏ "စစ်ရေးလုပ်ဆောင်ခြင်း"နှင့် ပတ်သက်၍ လွန်ကဲစွာ သတင်းဖြန့်ခြင်း အထင်လွဲမှားစေမည်ဟု ဖုယင်ဆို

(GMT+08:00) 2016-03-04 17:23:13

၁၂ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး သတင်းစာ ရှင်းလင်းပွဲကို ၄ရက်နေ့ နံနက်ပိုင်းက ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီးတွင် ကျင်းပသည်။ ပြောရေးဆိုခွင့်ရှိသူ ဖုယင်က တောင်ပင်လယ် တွင် တရုတ်ပြည်၏ "စစ်ရေးလုပ်ဆောင်ခြင်း"နှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် တောင်ပင်လယ်၌ တရုတ်ပြည်သည် ဒေသတွင်း ငြိမ်းချမ်းရေး အပေါ် ခြိမ်းခြောက်ပြီး လွတ်လပ်စွာ ခုတ်မောင်း ပြေးဆွဲခြင်းကို ထိခိုက်စေသည်ဟု အမေရိကန် မီဒီယာများက ပြစ်တင်ရှုတ်ချကြောင်း၊ ယင်းရှုတ်ချချက် သည် အခြေအနေနှင့် ပတ်သက်၍ အထင်လွဲမှားစေမည် ဖြစ်ကြောင်း ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio