• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်နှစ်ပတ်လည်အစည်းအဝေးကျင်းပ

(GMT+08:00) 2016-03-04 15:23:29

      ၁၂-ကြိမ်မြောက်တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးကို ဒေသစံတော်ချိန် ၃ ရက်နေ့က ပီကင်းတွင် ဖွင့်လှစ်ခဲ့သည်။ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ယွီကျိန့်ရှိန်းက၊ ဖွင့်ပွဲအခမ်းအနား၌ အမြဲတမ်း ကော်မရှင်အစီရင်ခံစာကို တင်သွင်းခဲ့ ရာ၌၊ ၂၀၁၆ခုနှစ်တွင် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်အနေနှင့်၊ ၁၃ ခုမြောက် ၅နှစ် စီမံကိန်းအကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ အကြံဥာဏ်ပေးခြင်းကို အဓိကလုပ်ငန်း အဖြစ်ထားပြီး၊ နိုင်ငံရေးအတိုင်ပင်ခံခြင်း၏ လက်တွေ့ထိရောက်မှုကို တိုးပွား စေရန် အာဖြည့်ပြုလုပ်ပြီး ဒီမိုကရေစီကြီးကြပ်ရေးလုပ်ငန်းတာဝန်ကိုလည်းအားဖြည့်ပေးရမည်ဖြစ် ကြောင်းပြောကြားခဲ့သည်ဟု စီအာအိုင်က ဖော်ပြသည်။

ယခုအကြိမ်အစည်းအဝေးမှာ ၁၂-ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်ပြည်လုံးဆိုင်ရာကော်မတီ၏ နှစ်ပတ်လည်အစည်းအဝေး ဖြစ်ပြီး၊ အစည်းအဝေး ကျင်းပမည့် ၁၁ ရက်ကြာအတွင်း၊ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင် ၂၀၀၀ ကျော်တို့သည်၊ လာမည့် ၅ နှစ်အတွင်း တရုတ်စီးပွားရေးလူမှုရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ပတ်သက်သော ၁၃ ခုမြောက် ၅ နှစ်စီမံကိန်းနှင့်စပ်လျဉ်း၍ အကြံဥာဏ်များ ပေးကြမည်ဖြစ်သည်။

ရှီကျင့်ဖိန်၊ လီခေ့ချန်၊ ကျန်းတယ်ကျန်း၊ လျူယွင်ဆန်း၊ ဝမ်ချီဆန်းနှင့် ကျန်းကောလိအပါအဝင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်များ သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်ဟုသိရသည်။

   Webradio