• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေး ပြင်ဆင်ရေး စည်းဝေးပွဲ ကျင်းပမည်

(GMT+08:00) 2016-03-03 16:59:17

မတ်လ ၄ရက်နေ့ နံနက်ပိုင်းတွင် ၁၂ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေး ပြင်ဆင်ရေး စည်းဝေးပွဲကို ကျင်းပမည် ဖြစ်ကြောင်း၊ ၄င်းစည်းဝေးပွဲတွင် ယခုအကြိမ် အစည်းအဝေး၏ သဘာပတိအဖွဲ့နှင့် အတွင်းရေးမှူးချုပ်ကို ရွေးချယ်တင်မြှောက်ပြီး အစည်းအဝေး အစီအစဉ်များ မူကြမ်းနှင့် ပတ်သက်၍  မဲခွဲဆုံးဖြတ်မည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ပြင်ဆင်ရေး စည်းဝေးပွဲ အပြီး အစည်းအဝေး သဘာပတိအဖွဲ့သည် ပထမအကြိမ် အစည်းအဝေးကို ကျင်းပမည် ဖြစ်ကြောင်း၊ နံနက် ၁၁နာရီတွင် ၁၂ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေး သတင်းစာ ရှင်းလင်းပွဲကို ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

 

   Webradio