• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရာသီဥတု ဖောက်ပြန်မှု မြန်မာ ရင်ဆိုင်နေ

(GMT+08:00) 2016-03-03 14:24:39

မကြာမီရက်များက မြန်မာနိုင်ငံသည် ပူအိုက်မှုဒဏ် ခံနေရကြောင်း၊ ဒေသအချို့တွင် အပူချိန် ဒီဂရီ စင်တီဂရိတ် ၄၀ကျော်ပြီ ဖြစ်ကြောင်း၊ သာမန်အားဖြင့် ဖေဖော်ဝါရီသည် မြန်မာနိုင်ငံ၏ ဆောင်းရာသီ ဖြစ်ကြောင်း၊ ယခုနှစ် ရာသီဥတု ပူအိုက်မှုကို တွေ့ရခဲကြောင်း တရုတ်ပြည် ကွမ်းမင်နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

မြန်မာ မိုးလေဝဿနှင့် ဇလဗေဒ ဌာနမှ မကြာမီက ပူအိုက်မှုဒဏ် ကြိုတင် သတိပေးချက်ကို ထုတ်ပြန်သည့်အပြင်၊ ယခုနှစ် နွေရာသီတွင် မြန်မာနိုင်ငံသည် El Niño မိုးလေဝဿနှင့် ရင်ဆိုင်မည် ဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရာရှိ သော ပူအိုက်မှုဒဏ်နှင့် မိုးခေါင်ရေရှားမှုသည် လယ်ယာစိုက်ပျိုးရေး အပေါ် ဆိုးရွားစွာ ထိခိုက်စေလိမ့်မည် ဖြစ်ကြောင်း သတိပေး ဖော်ပြသည်။

ယခင်က မြန်မာနိုင်ငံသည် ၇နှစ်၈နှစ် အတွင်း El Niño မိုးလေဝဿ တစ်ကြိမ်ကို ကြုံတွေ့လေ့ရှိကြောင်း၊ သို့သော် မကြာမီနှစ်များက ၂နှစ်၃နှစ် အတွင်း တစ်ကြိမ် ကြုံတွေ့ လေ့ရှိကြောင်း New Light of Myanmar သတင်းစာတွင် ရေးသားဖော်ပြသည်။ မြန်မာ မိုးလေဝဿနှင့် ဇလဗေဒ ဌာနမှ ထုတ်ပြန်ခဲ့သော ကြိုတင်သတိပေးချက်တွင် မြန်မာ နိုင်ငံသည် ယခုနှစ် မတ်လနှင့် မေလ၌ El Niño မိုးလေဝဿနှင့် ကြုံတွေ့နိုင်ဖွယ်ရာရှိ ကြောင်း၊ မြန်မာ လယ်မြေများသည် ပူအိုက်မှုဒဏ်နှင့် မိုးခေါင်ရေရှားမှုကို ကြုံတွေ့နိုင် ဖွယ်ရာရှိကြောင်း ဖော်ပြသည်။

ထို့အပြင်၊ ယခုနှစ် မြန်မာ မိုးရာသီသည် ၇ရက်မှ ၁၅ရက် အတွင်း နောက်ကျမည်ဟု ခန့်မှန်းရကြောင်း မိုးလေဝဿ ပညာရှင်များက ပြောကြားသည်။ မြန်မာ အစိုးရသည် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များကို လေ့လာနေသည်။ မိုးခေါင်ရေရှားမှုကြောင့် ဖြစ်ပေါ်နိုင်ဖွယ်ရာရှိသော ဆန်ထွက်နှုန်း လျော့နည်းခြင်းကို ရင်ဆိုင်ရေး အတွက် မြန်မာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် အပါအဝင် ဒေသများတွင် ဆန်သိုလှောင်ကန် ၄၂ခုကို ထားရှိခဲ့ကြောင်း သိရသည်။

 

   Webradio