• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ဟန့်တားထိန်းချုပ်ရန် တောင်ပင်လယ် ပြဿနာ ဆိုင်ရာ ကန်၏ သတင်းဖြန့်ခြင်း ရည်ရွယ်ဟု တရုတ်ဆို

(GMT+08:00) 2016-03-02 16:58:50

    မကြာမီရက်များက တရုတ် တောင်ပင်လယ် ပြဿနာ နှင့်ပတ်သက်၍ အမေရိကန် စစ်ဘက်မှ လွန်ကဲစွာ သတင်းဖြန့်ခြင်းနှင့် စပ်လျဉ်း၍ တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်၊ ရေတပ်မှ အင်တာနက် လုံခြုံရေးနှင့် သတင်းအချက်အလက် ဆိုင်ရာ ပညာရှင်များ အတိုင်ပင်ခံ ကော်မတီ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ် ယင်ကျိုက သတင်းထောက်များနှင့် တွေ့ဆုံရာ၌ တောင်ပင်လယ် ပြဿနာနှင့် ပတ်သက်၍ အမေရိကန်က သတင်းဖြန့်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်း၏ အာရှနှင့်ပစိဖိတ် ညီမျှရေး မဟာဗျူဟာအလျောက် ဘေးပတ်ပတ်လည် လုံခြုံရေး ပြဿနာကို အသုံးပြုပြီး တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားထိန်းချုပ်ရန် ဖြစ်ကြောင်း ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio