• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရားဝင်အခွင့်အရေးကာကွယ်ရန် တရုတ်က လေယာဉ်တင်သင်္ဘောစု ဆောက်လုပ်

(GMT+08:00) 2016-03-02 16:37:25

      တရုတ်ပြည်သည်၊ ဒုတိယအစင်း လေယာဉ်တင်သင်္ဘောကို ဆောက်လုပ်လျက်ရှိ သည်။ လေယာဉ်တင်သင်္ဘောသည် တောင့်တင်းသော တာဝေး စစ်ဆင်နိုင်စွမ်းရှိသဖြင့်၊ တရုတ်ပြည်၏ ခုခံမှုကာကွယ်ရေးမူဝါဒအပေါ် နိုင်ငံခြားမှ မယုံသင်္ကာဖြစ်မှုဖြစ်ပေါ်လာ သည်။ ယင်းနှင့် စပ်လျဉ်း၍ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်၊ တရုတ်ရေတပ်မှ အင်တာနက်လုံခြုံရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ ပညာရျင်များအတိုင်ပင်ခံ ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ် ယင်ကျော်က၊ လေယာဉ်တင်သင်္ဘော သည်၊ စစ်ဆင်ရေး ပလက်ဖေါင်းပင်ဖြစ်ပြီး၊ ထိုးစစ်ဆင်တိုက်ခိုက်မှုတွင်ရော၊ ကာကွယ်ရေး တွင်ပါ အသုံးပြုနိုင်ကြောင်း၊ တရုတ်ပြည်၏ တက်ကြွသောကာကွယ်ရေး စစ်ရေး မဟာဗျူဟာကို ပြောင်းလဲ စေမည်မဟုတ်ကြောင်း သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ရာ၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

   Webradio