• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် စီးပွားရေး တိုးတက်မှု ရှေ့အလားအလာ အပေါ် ပြညပ ပညာရှင်များ အကောင်းဘက်မှ မြင်ကြ

(GMT+08:00) 2016-03-02 11:16:27
    လက်ရှိအချိန်တွင် ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူလာရန် ရှေ့အလားအလာမှာ မရေမရာဖြစ်မှု ရှိနေကြောင်း၊ နိုင်ငံတကာ ဈေးကွက် မတည်မငြိမ်ဖြစ်ခြင်းသည် စိုးရိမ် ဖွယ်ရာပင် ဖြစ်ကြောင်း၊ ယင်းအခြေအနေမျိုးတွင် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေး အတွက် ယုံကြည်မှု တိုးပွားစေရန် အထူးသဖြင့် လိုအပ်ကြောင်း၊ တရုတ်ပြည်သည် တစ်ကမ္ဘာလုံး အတွက် ယုံကြည်မှု တိုးပွားစေရန် အလွန် အရေးကြီး ဖြစ်မြဲ ဖြစ်နေကြောင်း၊ တရုတ်ပြည်သည် နှစ်ပေါင်း ၃၀ကျော်ကြာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး စီးပွားရေး ဖွဲ့စည်းပုံ ပြောင်းလဲခြင်းနှင့် ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူလာသည်မှာ နှေးကွေးခြင်း ဖြစ်သည့် စိန်ခေါ်မှု ၂ခုနှင့် ရင်ဆိုင်နေရကြောင်း၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေး ၂ခုကို ကျင်းပ တော့မည် ဖြစ်သည့် အတွက် နိုင်ငံတကာ မီဒီယာများသည် တရုတ်ပြည် အပေါ် ထပ်မံ အာရုံစိုက်လာကြသည်။ လူအချို့သည် တရုတ်ပြည် အပေါ် အဆိုးမြင်သော်လည်း နိုင်ငံခြား ပညာရှင် အများစုသည် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာ အပေါ် အကောင်းဘက်မှ မြင်နေကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

    စင်ကာပူ အမျိုးသား တက္ကသိုလ် အရှေ့အာရှ သုတေသနဌာန သုတေသီ ချင်ကန်းက လက်ရှိအချိန်တွင် တရုတ် စီးပွားရေးသည် ဖွဲ့စည်းပုံ ပြောင်းလဲနေသည့် သော့ချက်ကျသော အချိန်ကာလတွင် ရှိနေကြောင်း၊ စီးပွားရေး တိုးတက်မှု အရှိန် လျော့ပေါ့လာပြီး လုပ်ငန်းချင်း နှင့် ဒေသချင်း ကွာဟမှု တစ်နေ့တခြား ထင်ရှာသိသာလာကြောင်း၊ သို့သော် ဝန်ဆောင်မှု လုပ်ငန်းနှင့် အဆင့်မြင့် ကုန်ထုတ်လုပ်ငန်းတို့သည် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်နေသေးကြောင်း၊ စားသုံးမှု ပမာဏသည် ဒလကြမ်း တိုးပွားလာပြီး အဆင့် လည်း တိုးမြင့်လာကြောင်း ပြောကြားသည်။

    အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဌာနမှ နိုင်ငံတကာ ရေးရာ တာဝန်ခံ၊ ဒုဝန်ကြီး နေသင် ဟစ်က မကြာမီက ဆောင်းပါးတစ်ပုဒ်ကို ရေးသားခဲ့ရာ စီးပွားရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲခြင်းသည် တစ်ကမ္ဘာလုံးတွင် ဝယ်လိုအား တိုးပွားစေရန် တွန်းအား ဖြစ်သည့် တရုတ်ပြည်၏ အဆင့်နေရာ ထိန်းသိမ်းထားခြင်း အတွက် အားသစ်လောင်းပေး မည် ဖြစ်ကြောင်း ပြောကြားသည်။

    အမေရိကန် Yale တက္ကသိုလ် အဆင့်မြင့် သုတေသီ စတယ်ဖင် ရော့ခ်ျက တရုတ် စီးပွားရေး ညီမျှစေရေး အတွက် ကိစ္စ ၃ခုကို ကောင်းမွန်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၄င်းကိစ္စ ၃ခုတွင် အလုပ်အကိုင် နေရာ တိုးပွားစေရေး၊ မြို့ပြဖြစ်ထွန်းမှု ဖြစ်စဉ် ဆက်လက် ဆောင်ရွက်ရေးနှင့် လူမှုအာမခံစနစ် ကောင်းမွန်ပြည့်စုံစေရေးတို့ ပါဝင်ကြောင်း ပြောကြား သည်။

   Webradio