• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်အား ဂျပန် စစ်လက်နက်ပစ္စည်းပံ့ပိုး

(GMT+08:00) 2016-02-29 15:06:55

    ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီး ဂျာစမင်က ဖိလစ်ပိုင်နှင့် ဂျပန်တို့သည် ၂၉ရက် နေ့က သဘောတူ စာချုပ်ချုပ်ဆိုရန် စီစဉ်ထားကြောင်း၊ ဂျပန်သည် ဖိလစ်ပိုင်အား စစ်လက် နက်ပစ္စည်းများကို ပံ့ပိုးမည် ဖြစ်ကြောင်း၊ ယင်းသည် ဂျပန်သည် အာဆီယံ နိုင်ငံနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်ကို ပထမဆုံး အကြိမ် ချုပ်ဆိုမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

    ဝန်ကြီး ဂျာစမင်က APသတင်းဌာနမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် မိမိနှင့် ဖိလစ်ပိုင် ဆိုင်ရာ ဂျပန် သံအမတ်ကြီး အီရှီကာဝါ ကာဇူဟီဒေတို့သည် မလာနီမြို့တော်တွင် ၄င်းစာချုပ်ကို ချုပ်ဆိုမည် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် မည်သည့် စစ်လက်နက်ပစ္စည်း မျိုးများကို ဂျပန် ပံ့ပိုးနိုင်မည်နည်းနှင့် ပတ်သက်၍ မဆွေးနွေးသေးကြောင်း၊ လက်ရှိ အချိန်တွင် ဖိလစ်ပိုင် တပ်မတော်သည် သတင်းအချက်အလက် စုစည်းနိုင်စွမ်း၊ ကြီးကြပ် ထိန်းချုပ်နိုင်စွမ်းနှင့် ကင်းထောက်နိုင်စွမ်းကို တိုးမြှင့်ရန် လိုအပ်ကြောင်းလည်း ပြောကြား သည်။

    အမည်မဖော်လိုသော ဖိလစ်ပိုင် လုံခြုံရေးဌာနမှ အဆင့်မြင့် အရာရှိ တစ်ဦးက ချုပ်ဆိုရန် ရှိသော သဘောတူ စာချုပ်အရ ဂျပန်သည် ဖိလစ်ပိုင်အား စစ်လက်နက်ပစ္စည်း အသစ်များကို ရောင်းချနိုင်မည်၊ စစ်ရေး နည်းပညာများကို လွှဲပြောင်းပေးအပ်နိုင်မည်၊ စစ်လက်နက်ပစ္စည်းဟောင်းများကို ပေးအပ်နိုင်မည်၊ ဖိလစ်ပိုင် တပ်မတော်ကို လေ့ကျင့်ပျိုး ထောင်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

    ဝန်ကြီး ဂျာစမင်က ဖိလစ်ပိုင်နှင့် ဂျပန်တို့သည် စောစောကပင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို စတင် အားဖြည့်ပြုလုပ်ခဲ့ကြောင်း၊ ၄င်းသဘောတူ စာချုပ်သည် မည်သည့်နိုင်ငံကိုမျှ မရည်ရွယ်ဘဲ ငွေရင်းချို့တဲ့သည့် ဖိလစ်ပိုင် တပ်မတော်၏ စွမ်းရည်ကို ဖြည့်ဆည်းပေးရန်ပင် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

   Webradio